ရွှေတောင်မြို့နယ်၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) စီမံချက်ရေးဆွဲနည်းနှင့် AVIP သင်တန်းဖွင့်ပွဲကျင်းပ
ရွှေတောင် ဇွန် ၅
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ဆောင်ရွက်မည့် ကျေးရွာနှစ်ရွာမှ ကော်မတီဝင်များအား စွမ်းဆောင်ရည်မြင့်မားစေရန်ရည်ရွယ်၍ (VDP)စီမံချက်ရေးဆွဲနည်းနှင့် စီမံကိန်းရန်ပုံငွေသုံးစွဲရေးအစီအစဉ်(AVIP)သင်တန်းဖွင့်ပွဲကို ဇွန် ၄ရက် နံနက်ပိုင်းက အဆိုပါဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။
ရှေးဦးစွာ ရွှေတောင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ခိုင်ဇော်က သင်တန်းတွင် လူဦးရေနှင့် အခြေခံအချက်အလက်များကောက်ယူခြင်း၊ သယံဇာတပြမြေပုံရေးဆွဲနည်းနှင့် ရာသီခွင်ပြပြက္ခဒိန်ရေးဆွဲနည်း၊ AVIP ပုံစံများဖြည့်သွင်းနည်းစသည့်သင်ခန်းစာများကို သင်ကြားသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ စီမံကိန်းတာဝန်ခံနှင့် ဝန်ထမ်းများက VDP စီမံချက်ရေးဆွဲနည်းနှင့် AVIPသင်တန်းကို ဇွန်လ ၄ရက်မှ ၈ရက်နေ့အထိ ငါးရက်ကြာ စာတွေ့၊ လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး ရွှေတောင်မြို့နယ်အတွင်းရှိ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ဆောင်ရွက်မည့် ရှင်ညိုကျေးရွာနှင့် ဆင်သေကျေးရွာမှ ကော်မတီဝင်ရှစ်ဦး တက်ရောက်လျက် ရှိကြောင်း သိရသည်။
နော်လူး
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်