ဘားအံ ဇွန် ၃
ကရင်ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကွပ်ကဲမှုအောက်ရှိ ခရိုင်၊ မြို့နယ်များမှ ဝန်ထမ်းများအား ဝန်ထမ်း စွမ်းဆောင်ရည်မြင့်မားစေရန်နှင့် လက်တွေ့လုပ်ငန်း ခွင်တွင် အကျိုးရှိစွာ အသုံးပြုနိုင်စေရန် ရည်ရွယ်၍ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)စီမံချက်ရေးဆွဲနည်းနှင့် Websit ရေးသွင်းနည်းသင်တန်း ဖွင့်ပွဲအခမ်းအနား ကို ဇွန်လ ၂ ရက် နံနက်ပိုင်းက အဆိုပါဦးစီးဌာနရုံး အစည်း အဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ကရင်ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးဝင်းနိုင်က အဆိုပါသင်တန်း ဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး သင်တန်းသား၊ သင်တန်းသူများအနေဖြင့် သင်တန်းမှ ပို့ချပေးသော သင်ခန်းစာများကို သေချာလေ့ လာသင်ယူပြီး လက်တွေ့လုပ်ငန်းခွင်တွင် အကျိုးရှိစွာပြန်လည်အသုံးချဆောင်ရွက်သွားရန် မှာကြားပြီး သင်တန်းသားများအတွက် သင်ထောက်ကူပစ္စည်းများအား ပေးအပ်သည်။
အဆိုပါ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)စီမံချက်ရေးဆွဲနည်းနှင့် Websit ရေးသွင်းနည်း သင်တန်းကို ပြည်နယ်၊ ခရိုင်၊ မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနများမှ သင်တန်းသား သင်တန်းသူ ၁၅ ဦးတက် ရောက်ခဲ့ပြီး ကျွမ်းကျင် ဆရာများက ဇွန်လ ၂ ရက်နေ့မှ ၈ ရက်နေ့အထိ ၇ ရက်ကြာ စာတွေ့၊ လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ် ကြောင်းသိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်