Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် သမဝါယမအသင်းများသို့ ကွင်းဆင်း


30 May,2025

တောင်ကြီး မေ ၃၀

ရှမ်းပြည်နယ်အတွင်းရှိ ထုတ်လုပ်မှု၊ ဝန်ဆောင်မှုနှင့် ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက် နေသော သမဝါယမအသင်းများ၏ လုပ်ငန်းဆောင်ရွက်မှုများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်နယ် သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူး၊ ဦးကျော်မိုးတင့်နှင့် တာဝန်ရှိသူများက ကလောမြို့နယ် သမဝါယမဦးစီးဌာနရှိ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ သမဝါယမအသင်းဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံး၊ လုပ်နည်း၊ အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ လုပ်ငန်းများဆောင်ရွက်ရေး ကွင်းဆင်းမှာကြား ခဲ့သည်။

ဆက်လက်၍ ပြည်နယ်သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက ကလောမြို့နယ်ရှိ “ရွှေကလော” အထွေထွေရောင်းဝယ်ရေးသမဝါယမအသင်းလီမိတက်မှ ဖွင့်လှစ် ထားရှိသည့် ဆန်အရောင်းဆိုင်အား ကြည့်ရှု့၍ လိုအပ်သည့် ငွေကြေး၊ အရင်းအနှီးများရရှိစေရေး အတွက် သက်ဆိုင်ရာမြို့နယ်သမဝါယမအသင်းစုနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်