Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

တောင်တွင်းကြီးမြို့နယ် ပွင့်လှလေးကျေးရွာ၌ VRFPစီမံကိန်းလုပ်ငန်းများ စစ်ဆေး


30 May,2025

တောင်တွင်းကြီးမြို့နယ် ပွင့်လှလေးကျေးရွာ၌ VRFPစီမံကိန်းလုပ်ငန်းများ စစ်ဆေး
တောင်တွင်းကြီး၊ မေ ၃၀

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ပွင့်လှလေးကျေးရွာ၌ VRFP(ကျေးရွာမတည်ရန်ပုံငွေ) စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေများကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။


ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် တောင်တွင်းကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနမြို့နယ်ဦးစီးမှူး ဦးခုတ်မွန်းလျန်နှင့် စီမံကိန်းတာဝန်ခံဝန်ထမ်းများကကျေးရွာစီမံကိန်းကော်မတီဝင်များ
နှင့်အတူ ပွင့်လှလေးကျေးရွာ၌ VRFPစီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ လစဉ်ဖြည့်သွင်းရမည့်ငွေစာရင်းဇယားများစနစ်တကျ ဖြည့်သွင်းထားရှိမှုနှင့်စီမံကိန်းဆိုင်ရာညွှန်ကြားချက်များအတိုင်းဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့သည်။


အဆိုပါ ပွင့်လှလေးကျေးရွာ၌ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်းကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါတွင်စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ ၁၀၂ဦး၊ ငွေကျပ် ၄၀၁ သိန်းထိ ထုတ်ချေးပေးထားကြောင်း တောင်တွင်းကြီးမြို့နယ်ကျေးလလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးခုတ်မွန်းလျန်က ပြောပြ၍ သိရသည်။

နွဲ့ယဉ်


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်