Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဒုတိယဝန်ကြီး ဦးမြင့်စိုး တောင်ကြီးမြို့ရှိ သင်တန်းကျောင်းများအား ကြည့်ရှုစစ်ဆေး


19 May,2025

နေပြည်တော် မေ ၁၇

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ယမန်နေ့ ညနေပိုင်းက ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းသို့ သွားရောက်ပြီး သင်တန်းကျောင်းအုပ်၊ ဆရာ ဆရာမများ၊ လက်ရက်ကန်း (၆) လသင်တန်း တက်ရောက်နေသော သင်တန်းသူသင်တန်းသား များနှင့် တွေ့ဆုံ၍ လိုအပ်သည်များ မှာကြားပြီး သင်တန်းသူများ လက်တွေ့ဆောင်ရွက်နေသည့် လက်ရက်ကန်းဖြင့် ပအိုဝ်းခေါင်းပေါင်း၊ ဓနုလုံချည်နှင့် ဒေသခံတိုင်းရင်းသားဝတ်စုံများ ရက်လုပ် နေမှုကိုလည်းကောင်း၊ စက်ရက်ကန်း ရက်လုပ်ခြင်း၊ ချားပုတ်ခြင်း၊ ချည်ချခြင်းနှင့် ဂျပ်ခုတ်လုပ်ငန်း လက်တွေ့သင်ယူနေမှုများကို လည်းကောင်း လိုက်လံကြည့်ရှု အားပေးခဲ့သည်။

ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း (၁၃) ကျောင်းရှိသည့်အနက် သင်တန်း ကျောင်းအလိုက် သုတေသနပြု ရက်လုပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ တောင်ကြီး သင်တန်းကျောင်းအနေဖြင့် ပအိုဝ်း တိုင်းရင်းသူတိုင်းရင်းသားဝတ်စုံ ရက်လုပ်နေမှုအား ကြည့်ရှု အားပေးပြီး လိုအပ်သည်များ မှာကြားခဲ့သည်။ ဆက်လက်၍ သင်တန်းကျောင်းရှိ Art Gallery တွင် ပြသထားသော သင်တန်းဆင်းလက်ရာများ၊ ဒေသခံတိုင်းရင်းသားတိုင်းရင်းသူများ၏ ဝတ်စုံများကို လိုက်လံကြည့်ရှု အားပေးခဲ့သည်။

၎င်းနောက် ကျောင်းသူအိပ်ဆောင်နှင့် စားရိပ်သာသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ် သည်များ မှာကြားသည်။ ယင်းနောက် သင်တန်းသားသင်တန်းသူများအတွက် စားသောက်ဖွယ်ရာ များနှင့် ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခဲ့သည်။

ထိုမှတဆင့် ဒုတိယဝန်ကြီးသည် တောင်ကြီးမြို့၊ သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေး ပညာသင်တန်းကျောင်းသို့ သွားရောက်၍ ကျောင်းအုပ်နှင့် ဆရာဆရာမများကို တွေ့ဆုံကာ ၂၀၂၄-၂၅ ပညာသင်နှစ်တွင် သင်တန်းပြီးဆုံးသွားသော ကျောင်းသားကျောင်းသူများထဲမှ သမဝါယမ ကောလိပ်များသို့ ပေါင်းကူးတက်ရောက်ခွင့်မရသည့် ကျောင်းသားကျောင်းသူများအတွက် အလုပ် အကိုင် အခွင့်အလမ်းများ ချိတ်ဆက်ရှာဖွေဆောင်ရွက်ပေးရေး မှာကြားသည်။ ယင်းနောက် သင်တန်းနည်းပြဆရာ၊ ဆရာမများအတွက် စားသောက်ဖွယ်ရာများနှင့် ကျောင်းသားကျောင်းသူများ အတွက် ရေချိုးခန်းသုံးပစ္စည်းများ ပေးအပ်ခဲ့သည်။

၎င်းနောက် အင်အားပြင်းမန္တလေးငလျင်ကြီး လှုပ်ခတ်ချိန်၌ ထိခိုက်မှုဖြစ်ပေါ်ခဲ့သော သင်တန်းခန်းမနံရံအက်ကွဲမှုများအား လိုက်လံကြည့်ရှုစစ်ဆေးပြီး သက်ဆိုင်ရာအင်ဂျင်နီယာအဖွဲ့၏ လိမ္မော်ရောင်အဆင့်သတ်မှတ်ချက်အရ ပြန်လည်ပြုပြင်ရမည့် လုပ်ငန်းများကို တွက်ချက်တင်ပြရန်၊ ပြန်လည်ပြင်ဆင်နေစဉ်ကာလအတွင်း သင်တန်းသား၊ သင်တန်းသူများ ယာယီပြောင်းရွှေ့ သင်ကြားမည့်နေရာကို သတ်မှတ်ပြင်ဆင်ဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်