Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သရက်မြို့နယ် ရေပေါ်ကျွန်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းအတိုးရငွေဖြင့် ကျေးရွာတွင်းဆိုလာလမ်းမီးတိုင်စိုက်ထူခြင်းလုပ်ငန်းပြီးစီးမှု စစ်ဆေး


19 May,2025

သရက်မြို့နယ် ရေပေါ်ကျွန်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းအတိုးရငွေဖြင့် ကျေးရွာတွင်းဆိုလာလမ်းမီးတိုင်စိုက်ထူခြင်းလုပ်ငန်းပြီးစီးမှု စစ်ဆေး

*******************************************************************

သရက်   မေ   ၁၉

          မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနက ရေပေါ်ကျွန်းကျေးရွာအုပ်စု၊ ရေပေါ်ကျွန်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း အတိုးရငွေဖြင့် ကျေးရွာတွင်းဆိုလာလမ်းမီးတိုင်စိုက်ထူခြင်းလုပ်ငန်းပြီးစီးမှု အခြေအနေများကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများ  ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် သရက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးယုနိုင်လင်းနှင့် တာဝန်ရှိသူများသည် ရေပေါ်ကျွန်းကျေးရွာ မီးလင်းရေးကော်မတီဝင်များနှင့်အတူ မြစိမ်းရောင်အတိုးရငွေ၊ ပြည်သူထည့်ဝင်ငွေများဖြင့် ဆောင်ရွက်သည့် ကျေးရွာတွင်းဆိုလာလမ်းမီးတိုင်စိုက်ထူခြင်းလုပ်ငန်းပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး မြို့နယ်ဦးစီးမှူးက ဆောင်ရွက်ပြီးလုပ်ငန်းအား ရေရှည်တည်တံ့အောင် ပျက်စီးမှုမရှိအောင် ကျေးရွာမှ ဝိုင်းဝန်းထိန်းသိမ်းသွားကြရန်မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

          သရက်မြို့နယ် ရေပေါ်ကျွန်းကျေးရွာ၌ အဆိုပါကျေးရွာတွင်းဆိုလာလမ်းမီးတိုင် ၃၂တိုင် စိုက်ထူခြင်းလုပ်ငန်းကို မြစိမ်းရောင်ကျေးရွာစီမံကိန်း အတိုးရငွေကျပ်သိန်း ၁၅၀၊ ပြည်သူထည့်ဝင်ငွေကျပ် ၁၀သိန်း၊ စုစုပေါင်းငွေကျပ်သိန်း ၁၆၀ အသုံးပြုပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနဝန်ထမ်းများ၏ နည်းပညာပံ့ပိုးမှု၊ အနီးကပ်ကြီးကြပ်မှုဖြင့် ယခုနှစ် မေ ၄ရက် က စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

ဆက်လူ


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်