Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မိုးစပါးပန်းတိုင်ရည်မှန်းချက်ပြည့်မီစေရေး သမဝါယမအသင်းသားတောင်သူများသို့ စိုက်ပျိုးရေး အသိပညာပေး ဆွေးနွေးပွဲကျင်းပ


19 May,2025

နေပြည်တော် မေ ၁၉

၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၊ မိုးစပါးစိုက်ပျိုးထုတ်ရာတွင် ပန်းတိုင်ရည်မှန်းချက် ပြည့်မီစေရေး အတွက် ပျဉ်းမနားမြို့နယ်၊ ပြူတွင်းကျေးရွာရှိဓမ္မာရုံ၌ သမဝါယမအသင်း လေးသင်းရှိ အသင်းသား တောင်သူ ၃၁ ဦး၊ ဌာနဝန်ထမ်း ၁၅ ဦးနှင့်လည်းကောင်း၊ မွန်းလွဲပိုင်းတွင် မြောက်လွတ်ကုန်းကျေးရွာရှိ ဓမ္မာရုံ၌ သမဝါယမအသင်း သုံးသင်း၊ အသင်းသားတောင်သူ ၄၀ ဦးနှင့်လည်းကောင်း၊ မြို့နယ် သမဝါယမဦးစီးဌာန၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနတို့ပူးပေါင်း၍ အသိပညာပေးဆွေးနွေးပွဲများကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲသို့ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူး၊ ဒေါ်ဆုယဉ်မြင့်မှ တက်ရောက်၍ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရေး၊ စားရေရိက္ခာဖူလုံစေရေးတို့အတွက် စိုက်ပျိုးသောသီးနှံများ ပန်းတိုင်ရည်မှန်း ချက်ပြည့်မီစေရန် “မျိုး၊ မြေ၊ ရေ၊ နည်း” မှန်ကန်စွာဆောင်ရွက်နိုင်ရန် ယခုကဲ့သို့ စိုက်ပျိုးရေး ဦးစီးဌာနနှင့်ပူးပေါင်း၍ တောင်သူအသိပညာပေးပွဲများကို ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း၊ ပန်းတိုင် အထွက်နှုန်းပြည့်မီစေရန် မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးရန်လိုအပ်ကြောင်း၊ သွင်းအားစုများ ကိုလည်း စနစ်တကျအသုံးပြုရန် လိုအပ်ကြောင်း၊ ကြဲပက်စနစ်ထက် Seeder၊ ကောက်စိုက်စက် တို့ဖြင့် စိုက်ပျိုးပါက ပို၍ကောင်းမွန်ကြောင်း၊ သမဝါယမဦးစီးဌာနအနေဖြင့် စိုက်ပျိုးရေးအသင်းသား တောင်သူများ၏ လယ်ယာမြေများအတွက် လိုအပ်သော မျိုးကောင်းမျိုးသန့်များ၊ သွင်းအားစုများ၊ Seeder များကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ လိုအပ်ချက်များအား တင်ပြပေးကြ ပါရန်နှင့် ပေါင်းစပ်ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း၊ မြို့နယ်ဦးစီးဌာနအနေဖြင့်လည်း ပန်းတိုင် အထွက်နှုန်းပြည့်မီစေရေး အနီးကပ်ပေါင်းစပ်ဆောင်ရွက်စေလိုပါကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာနမှလည်း စိုက်ပျိုးနည်းပညာများကို ဆွေးနွေးပေးခြင်း၊ “Al Application” နည်းပညာ Software ကို တက်ရောက်လာသည့် အသင်းသားတောင်သူများ၏ လက်ကိုင်ဖုန်းများတွင် ထည့်သွင်းပေးခြင်းနှင့် အသုံးပြုပုံများအား ရှင်းလင်းပြောကြားဆောင်ရွက် ပေးခဲ့ပြီး သမဝါယမအသင်းသား တောင်သူများမှလည်း ၎င်းတို့၏ လုပ်ငန်းအတွေ့အကြုံများ၊ သိလိုသည်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။ 

ထို့နောက် ညွှန်ကြားရေးမှူးသည် ငကောင်းကံကျေးရွာ၊ ငကောင်းကံစိုက်ပျိုးရေးနှင့်  အထွေထွေလုပ်ငန်းသမဝါယမအသင်းသား ဦးကျော်လွင်၏ အောင်နိုင်တိုးစပါးမျိုး စိုက်ဧက(၁၀)ဧက နွေစပါးစိုက်ပျိုးထားရှိမှုအား သွားရောက်ကြည့်ရှု၍ လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မျိုးသီဟ (ပြန်/ဆက်)


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်