သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဉီးလှမိုးသည်သမဝါယမ ဉီးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ကျေးလက်လမ်းဉီးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်၊ အင်ဂျင်နီယာများ နှင့် တာဝန်ရှိသူများလိုက်ပါလျက် ၁၄-၅-၂၀၂၅ နေ့ နံနက် နံနက်(၉:၀၀)နာရီတွင် - ငလျင်ဒဏ်သင့်ခဲ့သည့် တက္ကသိုလ်၏ ပြုပြင်ဆောင်ရွက်ရန်ကိစ္စရပ်များ ကျောင်းဖွင့်ချိန်အမီဆောင်ရွက်ထားရှိမှုအခြေအနေများအား လာရောက်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီး ဉီးလှမိုးသည် ရှေးဉီးစွာ ကျောင်းဖွင့်ကာလအမီ တက္ကသိုလ်၏ပင်မလုပ်ငန်းဖြစ်သော သင်ကြားရေးနှင့်စီမံခန့်ခွဲမှုလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်နေမှု အခြေအနေများ၊ကျောင်းဖွင့်ချိန်အမီ ကျောင်းသား/သူများ အိပ်ဆောင်ထားရှိရေးအတွက် ဆောင်ရွက်ထားရှိမှု အခြေအနေများ လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ဆောင်ရွက်ရန်ရှိသည့် ကိစ္စရပ်များကို သက်ဆိုင်ရာ ဉီးစီးဌာနများ ပေါင်းစပ်ညိနှိုင်း ဆောင်ရွက်ရန်၊ ယာယီရုံးခန်းများ ဖွင့်လှစ်ထားရှိမှုအခြေအနေများ၊ ဝန်ထမ်းမိသားစုများအား မိုးမကျမီ အမိုးအကာအောက်သို့ အမြန်ရောက်ရှိစေရေး ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ အဆောက်အဉီပျက်စီးမှုများအတွက် အဆင့်ဆင့်အလိုက် ပြုပြင်နေသည့် အခြေအနေများကြည့်ရှု စစ်ဆေးပြီးနောက် လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပါသည်။
ထို့နောက် တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများအား အားပေးစကားပြောကြားခဲ့ပြီး ထောက်ပံ့မုန့်ဖိုးများ ပေးအပ်ခဲ့ကာ ဝန်ထမ်းများကိုယ်စားပါမောက္ခချုပ် ဆရာမကြီးမှ လက်ခံရယူခဲ့ပါသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်