မော်လမြိုင် မေ ၁၂
မွန်ပြည်နယ်အတွင်း သမဝါယမအသင်းများအနေဖြင့် မိုးစပါးစိုက်ပျိုးရာတွင် ပန်းတိုင်အထွက် နှုန်းရရှိရေးအတွက် အထွက်တိုးမျိုးစပါးများစိုက်ပျိုးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ပြည်နယ်သမဝါယမဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် ပြည်နယ်သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်ခင်မာအေးက ပြည်နယ် အတွင်း စိုက်ပျိုးရေးလုပ်ငန်း ဆောင်ရွက်လျက်ရှိသော သမဝါယမအသင်း/အသင်းသားများမှ မိုးစပါး စိုက်ပျိုးရာတွင် ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် အထွက်တိုးမျိုးစပါးများ စိုက်ပျိုးနိုင်ရေးနှင့် စိုက်ပျိုးရာတွင် လိုအပ်သောသွင်းအားစုများ ပံ့ပိုးနိုင်ရေးတို့ကို ဆွေးနွေးပြောကြားသည်။
အဆိုပါအစည်းအဝေးသို့ မွန်ပြည်နယ်အတွင်းရှိ ပြည်နယ်သမဝါယမအသင်းစုချုပ်/ မြို့နယ် သမဝါယမအသင်းစုများမှ အမှုဆောင်များနှင့် ပြည်နယ်သမဝါယမဦးစီးဌာန/မြို့နယ်သမဝါယမ ဦးစီးဌာနများမှ အရာထမ်းဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။
မွန်ပြည်နယ်အတွင်း မိုးစပါးစိုက်ဧက(၁၉ဝဝ၀) ကျော်ဧကကို စိုက်ပျိုးထုတ်လုပ်ရေး သမဝါ ယမအသင်း (၁၁၅) သင်းက စိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
စည်သူ (ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်