Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မွန်ပြည်နယ် သမဝါယမဦးစီးဌာန၌ ဥပဒေအသိပညာပေးဟောပြောပွဲ ကျင်းပ


13 May,2025

မော်လမြိုင် မေ ၁၂

မွန်ပြည်နယ်အတွင်းရှိ သမဝါယမဦးစီးဌာနဝန်ထမ်းများနှင့် သမဝါယမအသင်းများမှ လုပ်ငန်း များဆောင်ရွက်ရာတွင် တည်ဆဲဥပဒေများနှင့်အညီ ဆောင်ရွက်နိုင်ရေး ဥပဒေအသိပညာပေး ဟောပြောပွဲကို မော်လမြိုင်မြို့၊ ပြည်နယ်သမဝါယမဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်သည်။

ဟောပြောပွဲတွင် မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်ဥပဒေချုပ် ဦးမြင့်အောင်က ဥပဒေ ပညာဘာသာရပ်သည် နိုင်ငံတစ်နိုင်ငံအတွက် မရှိမဖြစ်လိုအပ်သည့် ပညာဘာသာရပ်တစ်ခုဖြစ်ပြီး နိုင်ငံသားတိုင်းအနေဖြင့် ဥပဒေပညာဘာသာရပ်ကို သိရှိလိုက်နာစောင့်ထိန်းကြရသည့် ပြဋ္ဌာန်း သတ်မှတ်ထားသော စည်းကမ်းကျင့်စဉ်ကြီးတစ်ရပ်ဖြစ်ကြောင်း၊ ထို့ကြောင့် ဥပဒေပညာဘာသာရပ် ကို လူတိုင်းသိအပ်၊ တတ်အပ်သောပညာရပ်ဟုဆိုရမည်ဖြစ်ကြောင်း၊ နိုင်ငံသားတိုင်းသည် နိုင်ငံတော် ကထုတ်ပြန်ပြဋ္ဌာန်းထားသော တည်ဆဲဥပဒေများကို လေးစားလိုက်နာစောင့်ထိန်းကြရမည်ဖြစ် ကြောင်း၊ ဥပ‌ဒေနှင့်ငြိစွန်းသောကိစ္စရပ်များကို လူတိုင်းမပြုလုပ်ကြရန် အလေးထားရှောင်ရှားကြရ မည်ဖြစ်ကြောင်း၊ ဥပဒေကမလုပ်ရန်၊ ရှောင်ရှားကြရန်တားမြစ်ထားသော ပြဋ္ဌာန်းချက်များကို မလိုက်နာပါက ဥပဒေ၏ပြစ်ဒဏ်ပေးခြင်းတို့ကို ခံစားကြရမှာဖြစ်ကြောင်း၊ ဥပဒေအသိပညာပြန့်ပွား ပေးရခြင်းမှာ နိုင်ငံသားတိုင်း ဥပဒေအသိပညာဗဟုသုတများတိုးပွားစေရန်နှင့် ဥပဒေအသိအမြင်၊ ဥပဒေအတွေးအခေါ်၊ ဥပဒေစိတ်ထားများ၊ ဥပဒေစကားများ ပိုမိုပေါ်ထွန်းလာစေရေးတို့အတွက် ရည်ရွယ်ပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ခုနှစ်)၊ သိမှတ် ဖွယ်ရာဥပဒေရေးရာအဖြာဖြာ၊ ပြည်သူ့စစ်မှုထမ်းဥပဒေ(၂၀၁၀ခုနှစ်)၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ၊ နိုင်ငံဝန်ထမ်းဥပဒေ၊ ၁၉၉၂ ခုနှစ် သမဝါယမဥပဒေတို့ကို ဟောပြောဆွေးနွေးခဲ့ပြီး မွန် ပြည်နယ်ဥပဒေချုပ် ဦးမြင့်အောင်က ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ရာဇသတ်ကြီး ဥပဒေ စာအုပ်များအား ပြည်နယ်သမဝါယမဦးစီးဌာန စာကြည့်တိုက်အတွက် ပေးအပ်လှူဒါန်းခဲ့ရာ ပြည်နယ် သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်ခင်မာအေးက လက်ခံရယူခဲ့သည်။

အဆိုပါဟောပြောပွဲသို့ မွန်ပြည်နယ်ဥပဒေချုပ်ရုံးမှ ပြည်နယ်ဥပဒေအရာရှိ၊ ဒုတိယပြည်နယ် ဥပဒေအရာရှိ၊ လက်ထောက်ပြည်နယ်ဥပဒေအရာရှိ၊ မော်လမြိုင်ခရိုင်ဥပဒေအရာရှိ၊ ပြည်နယ် သမဝါယမဦးစီးမှူးနှင့် မွန်ပြည်နယ်အတွင်းရှိ ပြည်နယ်သမဝါယမအသင်းစုချုပ်၊ မြို့နယ်သမဝါယမ အသင်းစုများမှ အမှုဆောင်များနှင့် ပြည်နယ်သမဝါယမဦးစီးဌာန၊ မြို့နယ်သမဝါယမဦးစီးဌာနများမှ အရာထမ်း၊ အမှုထမ်းဝန်ထမ်းများ (၄၀) တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

စည်သူ (ပြန်/ဆက်)

မွန်ပြည်နယ်


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်