မလှိုင် မေ ၉
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ် တော်ဝင်ငွေစုငွေချေးသမဝါယမ အသင်းလီမိတက်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ နှစ်ပတ်လည်အရပ်အရပ်ဆိုင်ရာအစည်းအဝေးကို မြို့နယ်သမဝါယမဦးစီးဌာနခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာမြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဦးဇော်လင်းကိုက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး အမှုဆောင်အဖွဲ့ဝင်မှ အသင်း၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်ရှင်းတမ်းနှင့် အစီရင် ခံစာများကို ဖတ်ကြားတင်သွင်းကာ အသင်းသားများ၏ သဘောဆန္ဒများကို ရယူဆောင်ရွက်ခဲ့ပြီး၊ အခမ်းအနားသို့ တော်ဝင်ငွေစုငွေချေးသမဝါယမအသင်းသားများနှင့် ဖိတ်ကြားထားသောဧည့်သည် တော်များ တက်ရောက်ခဲ့ကြပြီး အသင်းသားများအား ဆန်၊ ဆီ၊ ကြက်ဥများပံ့ပိုးပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်