ကဆုန်လပြည့်(ဗုဒ္ဓနေ့)သည်မြန်မာလူမျိုးတို့၏ဘာသာရေးနှင့်ယဉ်ကျေးမှုတို့အတွက် အရေးကြီးသောနေ့ဖြစ်ပြီး ဗုဒ္ဓဘာသာ၏ အဓိပ္ပာယ်နှင့်တန်ဖိုးကိုပြသသော အထိမ်းအမှတ် နေ့ထူးနေ့မြတ်အဖြစ် သတ်မှတ်ထားသော ဗုဒ္ဓနေ့လည်းဖြစ်ပါသည်။ ၂၀၂၅ ခုနှစ်တွင် ကဆုန်လပြည့်နေ့သည် မေလ ၁၁ ရက် (တနင်္ဂနွေနေ့)ဖြစ်ပါသည်။ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)၏ ကျောင်းဝန်းအတွင်းတွင် တည်ထားကိုးကွယ်သောသဗ္ဗဇယဆုတောင်းပြည့်အောင်စေတီတော်မြတ်ကြီးအတွင်းရှိမဟာဗောဓိညောင်ပင်တွင် ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်ဖြစ်သော ကဆုန်လပြည့်(ဗုဒ္ဓနေ့)၌ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်(သင်ကြား)၊ သင်ကြား၊ စီမံ(ပါမောက္ခ၊ဌာနမှူး)များ၊ ဆရာ၊ဆရာမ၊ဝန်ထမ်းများသည် ကဆုန်ညောင်ရေသွန်းလောင်းခြင်းဖြင့် ကုသိုလ်ယူခဲ့ကြပါသည်။ ညောင်ရေသွန်းလောင်းရန် လာရောက်ကြသော ဆရာ၊ ဆရာမ၊ ဝန်ထမ်းများကိုလည်း တက္ကသိုလ်ဓမ္မာရုံတွင် မုန့်ဟင်းခါး ၊ အချိုရည်များဖြင့် လှူဒါန်းကျွေးမွေးခဲ့ကြပါသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်