Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သထုံမြို့နယ်တွင် မိုးစပါးစိုက်ပျိုးကြမည့် သမဝါယမအသင်းသားတောင်သူများအား အထွက်တိုးမျိုးစပါးများ ပေးအပ်


09 May,2025

သထုံ မေ ၉

မွန်ပြည်နယ်၊ သထုံမြို့နယ်သမဝါယမအသင်းစုမှ ယခုနှစ်မိုးစပါးစိုက်ရာသီ၌ မြို့နယ်အတွင်း မိုးစပါးစိုက်ပျိုးကြမည့် သမဝါယမအသင်းသားတောင်သူများထံ အထွက်တိုးမျိုးစပါးများ ပေးအပ် ခြင်းအခမ်းအနားကို သထုံမြို့၊ အောက်ကျင်းရပ်ကွက်ရှိ သမဝါယမအသင်းစုရုံး၌ ကျင်းပပြုလုပ် သည်။

အခမ်းအနားတွင် မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သန္တာစိုးက သမဝါယမ အသင်းများဖွံ့ဖြိုးတိုးတက်ရေး၊ အသင်းသားတောင်သူများထံ အထွက်တိုးမျိုးစပါးများ ပေးအပ်ရ ခြင်းတို့နှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး အသင်းသားတောင်သူများထံ အထွက်တိုးမျိုးစပါးများ လက်ဝယ်အရောက်ပေးအပ်ခဲ့သည်။

အဆိုပါအခမ်းအနားတွင် သထုံမြို့နယ်အတွင်း မိုးစပါးစိုက်ပျိုးကြမည့် သမဝါယမအသင်း (၉)သင်းတို့မှ အသင်းသားတောင်သူ(၄၉၀)ဦးတို့၏ စပါးစိုက်ဧေကပေါင်း(၃၂၉၅)ဧကအတွက် အထွက်တိုးမျိုးစပါးအိတ်ပေါင်း(၃၂၉၅)အိတ်ကို ပေးအပ်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)

မွန်ပြည်နယ်


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်