Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ထားဝယ်မြို့နယ်၊ ဌာနပေါင်းစုံငွေစုငွေချေးသမဝါယမအသင်းလီမိတက်က အသင်းသားများအား ထောက်ပံ့ငွေများ ထုတ်ပေး


06 May,2025

ထားဝယ် မေ ၆

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ ဌာနပေါင်းစုံငွေစုငွေချေးသမဝါယမအသင်း လီမိတက်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို တနင်္သာရီတိုင်းဒေသကြီး သမဝါယမဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားသို့ တိုင်းဒေသကြီးသမဝါယမဦးစီးဌာနနှင့် မြို့နယ်သမဝါယမဦးစီးဌာနတို့မှ အသင်းသားများ၊ ကျန်ဌာနပေါင်းစုံ(၂၀)မှ အသင်းသားများတက်ရောက်ကြသည်။ အဆိုပါအရပ်ရပ် ဆိုင်ရာအစည်းအဝေးတွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် အသင်းမှ အသင်းသား (၂၄၈)ဦးအား စားဝတ်နေရေးအတွက် တစ်ဖက်တစ်လမ်းမှအထောက်အကူပြုစေရန် စုဆောင်းငွေပေါ်အတိုးငွေ ကျပ်(၁၅၇၀၉၁၇၂)၊ အစုပေါ်အမြတ်ငွေကျပ်(၇၉၄၈၅၉)နှင့် ထောက်ပံ့ငွေကျပ်(၄၂၈၀၀၀၀)၊ စုစုပေါင်းငွေကျပ်(၂၀၇၈၄၀၃၁)ထုတ်ပေးခဲ့ကြောင်းသိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်