မြစ်သား၊ အောက်တိုဘာ ၄
တောင်သူများမှ စိုက်ပျိုးထားရှိသော သီးနှံများအထွက်တိုးစေရန်နှင့် ဒေသတွင်းစားသုံးမှု ဖူလုံစေရန်အတွက် သမဝါယမကဏ္ဍက တစ်ဖက်တစ်လမ်းမှ ဆောင်ရွက်ပေးလျက်ရှိသည်။ ထိုသို့ ဆောင်ရွက်လျက်ရှိရာတွင် မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်အတွင်းရှိ အခြေခံသမဝါယမအသင်းများမှ အသင်းသားတောင်သူများပိုင်ဆိုင်သော လယ်ယာမြေစိုက်ဧက ၁၈၀၀၀ ပေါ်တွင် ဧရာပဒေသာနှင့် မနောသုခစပါးများကို စိုက်ပျိုးထားရှိပြီး သီးနှံထွက်ရှိချိန်တွင် တစ်ဧကအထွက်နှုန်း စပါးတင်း ၇၀ မှ ၈၀ ထိ ထွက်ရှိမည်ဖြစ်ကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။