Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ယိုးဒယားကြိုးဖြင့် လူသုံးကုန်ခြင်းယက်လုပ်ငန်းနည်း သင်တန်းဖွင့်ပွဲကျင်းပ


08 May,2025

အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ယိုးဒယားကြိုးဖြင့် လူသုံးကုန်ခြင်းယက်လုပ်ငန်းနည်း သင်တန်းဖွင့်ပွဲကျင်းပ

မိတ္ထီလာ မေ ၈

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မိတ္ထီလာမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်း ရရှိစေရန်နှင့်  မိသားစုဝင်များတိုးပွားစေရန် ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ယိုးဒယားကြိုးဖြင့် လူသုံးကုန်ခြင်းယက်လုပ်နည်းသင်တန်းဖွင့်ပွဲအခမ်းအနားကို  ယနေ့နံနက်ပိုင်းက အဆိုပါဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မိတ္ထီလာခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးနိုင်မင်းစိုးက သင်တန်းဖွင့်အမှာစကားပြောကြားပါသည်။

ဆက်လက်၍ မိတ္ထီလာမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်းဝင်းက သင်တန်းသူများအနေဖြင့် သင်တန်းမှ ပို့ချမည့်  လူသုံးကုန်ခြင်း ယက်လုပ်နည်းများကို စနစ်တကျ သင်ယူလေ့လာပြီး လက်တွေ့လုပ်ငန်းခွင်များတွင် ပြန်လည်အသုံးချကြစေလိုကြောင်း ပြောကြားပါသည်။

ထို့နောက် သင်တန်းနည်းပြများက သင်တန်းတွင် ပို့ချမည့်ဘာသာရပ်များကို ရှင်းလင်းပြောကြားကာ တက်ရောက်လာသည့် သင်တန်းသားသင်တန်းသူများက တစ်ဦးချင်းမိတ်ဆက်ကြပါသည်။

အဆိုပါ  အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ယိုးဒယားကြိုးဖြင့် လူသုံးကုန်ခြင်းယက်လုပ်နည်းသင်တန်းကို မိတ္ထီလာမြို့နယ်အတွင်းရှိ ကျေးရွာ ရှစ်ရွာမှ သင်တန်းသူ(၂၀)ဦးအား ကျွမ်းကျင်နည်းပြ နှစ်ဦးက  ယိုးဒယားကြိုးဖြင့် လူသုံးကုန်ခြင်းယက်လုပ်နည်းများကို ၁၀ ရက်ကြာ စာတွေ့ လက်တွေ့ ဖွင့်လှစ်သင်ကြား ပို့ချပေးမည်ဖြစ်ကြောင်း မိတ္ထီလာမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်းဝင်းထံမှ သိရသည်။

ကျော်ဦး


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်