တောင်တွင်းကြီးမြို့နယ် ကြီးအင်းကုန်းကျေးရွာ၌ အခြေခံစက်ချုပ်သင်တန်းဖွင့်ပွဲ ကျင်းပ
တောင်တွင်းကြီး၊မေ ၈
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တောင်တွင်းကြီးမြို့နယ်ပန်းတောငယ်ကျေးရွာအုပ်စု၊ ကြီးအင်းကုန်းကျေးရွာ၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြုအခြေခံစက်ချုပ်သင်တန်းဖွင့်ပွဲအခမ်းအနားကို မေလ ၇ရက်နံနက်ပိုင်းက အဆိုပါကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ တောင်တွင်းကြီးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးကျော်ဇင်ဦးနှင့် မကွေးခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သက်ထွေးတို့က သင်တန်းဖွင့်ပွဲအမှာစကားပြောကြားပြီး တောင်တွင်းကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးခုတ်မွန်းလျန်က ကျေးလက်နေအမျိုးသမီးများ အလုပ်အကိုင်အခွင့်အလမ်းနှင့် တစ်ဖက်တစ်လမ်းမှ မိသားစုဝင်ငွေတိုးပွားစေရေးအတွက် အခြေခံစက်ချုပ်သင်တန်းကို ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း၊ သင်တန်းမှ ရရှိလာမည့် အသိပညာများကိုလည်း သင်တန်းသူများက အကျိုးရှိရှိအသုံးချစေလိုကြောင်း၊ သင်တန်းကာလပြီးဆုံးသည့်တိုင် စိတ်ပါဝင်စားစွာ လက်တွေ့နယ်ပယ်တွင် အသုံးချနိုင်သည်ထိ သင်ယူကြစေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ သင်တန်းနည်းပြဆရာမက သင်တန်းတွင် သင်ကြားပို့ချမည့် ဘာသာရပ်များကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသောသင်တန်းသူများက တစ်ဦးချင်း မိတ်ဆက်ခဲ့ကြသည်။
အဆိုပါ အခြေခံစက်ချုပ်သင်တန်းဖွင့်ပွဲသို့ ကြီးအင်းကုန်းကျေးရွာနှင့် အနီးပတ်ဝန်းကျင်ရှိကျေးရွာများမှ သင်တန်းသူဦးရေ ၂၀ဦး တက်ရောက်ခဲ့ကြပြီးသင်တန်းကို မေလ ၇ရက်နေ့မှ ဇွန်လ ၂၀ရက်နေ့ထိ
(၇.၅.၂၀၂၄)ရက်နေ့မှ (၂၀.၆.၂၀၂၄)ရက်နေ့ထိ သင်တန်းကာလ (၄၅)ရက်ကြာ အခမဲ့သင်ကြားပေးသွားမည်ဖြစ်ကြောင်း တောင်တွင်းကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး
ဦးခုတ်မွန်းလျန်က ပြောပြ၍ သိရသည်။
နွဲ့ယဉ်
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်