မော်လမြိုင်၊ အောက်တိုဘာ ၄
မွန်ပြည်နယ် မော်လမြိုင်မြို့ သမဝါယမစာရင်းရေးစာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်း၌ အမှုထမ်းများအခြေခံရုံးလုပ်ငန်းကျွမ်းကျင်မှုသင်တန်းဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာလ ၃ ရက်နေ့က အဆိုပါကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြည်နယ်သမဝါယမဦးစီဌာနမှ ညွှန်ကြားရေးမှူးနှင့်တာဝန်ရှိသူများ၊ သက်မွေးပညာ သင်တန်းကျောင်း ကျောင်းအုပ်ကြီးနှင့်ဆရာ/ဆရာမများ၊ ပြည်နယ်သမဝါယမအသင်းစုချုပ် ဥက္ကဋ္ဌ၊ မော်လမြိုင်မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌ၊ မြို့နယ်သမဝါယမဦးစီးအရာရှိနှင့် သင်တန်းသား/ သူများ တက်ရောက်ခဲ့သည်။
အမှုထမ်းများအခြေခံရုံးလုပ်ငန်းကျွမ်းကျင်မှုသင်တန်းကို မွန်ပြည်နယ်အတွင်းရှိ သက်မွေး ပညာသင်တန်းကျောင်းနှင့် သမဝါယမဦးစီးဌာနအဆင့်ဆင့်ရှိ အသစ်ခန့်အပ်ခဲ့သော အငယ်တန်းစာရေး ဝန်ထမ်းများအား လုပ်ငန်းခွင်တွင် စွမ်းရည်ပြည့်ဝစွာဆောင်ရွက်နိုင်စေရန်အတွက် ပြည်နယ်သမဝါယမ ဦးစီးဌာနနှင့် သက်မွေးပညာသင်တန်းကျောင်းရှိ အရာထမ်းများမှ သမဝါယမလုပ်ငန်းများနှင့် ပတ်သက်သည်များကို သင်ကြားပေးလျက်ရှိပြီး သင်တန်းသား/သူ (၂၈) ဦး တက်ရောက်လျက်ရှိရာ သင်တန်း ကာလမှာ (၃-၁၀-၂၀၂၂) မှ (၁၈-၁၀-၂၀၂၂) ရက်ထိ ဖြစ်ကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်