ဘားအံ မေ ၁
ကရင်ပြည်နယ်၊ ဘားအံမြို့၌ မိုးစပါးများစိုက်ပျိုးနိုင်ရန်အတွက် စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းများဖြစ်သော ဘားအံမြို့နယ် နောင်လုံအနောက်ကျေးရွာ မိသားစုစိုက်ပျိုး ထုတ်လုပ်ရေးသမဝါယမအသင်း၊ ဝင်းကျန်ကျေးရွာ အောင်သပြေ လယ်ယာနှင့်အထွေထွေစီးပွား ရေးသမဝါယမအသင်းနှင့် အောင်သစ်ဆန်း စိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်းများသို့ ကရင် ပြည်နယ်သမဝါယမဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူးသည် တာဝန်ရှိသူများနှင့် ကွင်းဆင်း၍ အသင်းအမှုဆောင်များ စိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်သော အသင်းသားများနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ကရင်ပြည်နယ်သမဝါယမဦးစီးဌာန ပြည်နယ်ဦးစီးမှူး က မိုးစပါးစိုက်ပျိုးမည့် သမဝါယမအသင်းသားများအနေဖြင့် သမဝါယမဦးစီးဌာန၏ လုပ်ငန်းစဉ် များဖြင့် အသင်းသားတောင်သူများ ထောက်ပံ့ဆောင်ရွက်ပေးနေမှုများအား ရှင်းလင်းဆွေးနွေး၍ ယခုမိုးရာသီတွင် မိုးစပါးစိုက်ပျိုးသည် အသင်းသားများအား သွင်းအားစုဓာတ်မြေဩဇာများ ထောက်ပံ့ပေးနိုင်ရေး အထွက်နှုန်းကောင်းမျိုးစပါးများ ပြောင်းလဲစိုက်ပျိုးနိုင်ရေး၊ သွင်းအားစုများ အား ဝယ်ယူရောင်းချပေးမည့် အစီအစဉ်များ၊ စိုက်ပျိုးရေးဦးစီးဌာနနှင့်ချိတ်ဆက်၍ ပညာပေး ဆွေးနွေးပေးမည့်အစီအစဉ်များ ဒေသတွင်းစာရေးရိက္ခာဖူလုံရေးအတွက် စိုက်ပျိုးရေးလုပ်ငန်းများ၊ စဉ်ဆက်မပြတ်ဆောင်ရွက်နိုင်ရေး သမဝါယမကဏ္ဍအနေဖြင့် ပါဝင်ဆောင်ရွက်နိုင်ရေးတို့ကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်