Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

လယ်ဝေးမြို့နယ် သော်မှော်ကုန်းစံပြကျေးရွာတွင် ဖွင့်လှစ်သည့် အခြေခံစက်ချုပ်သင်တန်းတွင် အမှန်တကယ်လုပ်ငန်းထူထောင်မည့် အရည်အချင်းပြည့်ဝသူများကို အပ်ချုပ်စက်များထောက်ပံ့ပေးမည်


03 Oct,2022

လယ်ဝေး၊ အောက်တိုဘာ ၃

        ဒေသခံအမျိုးသမီးငယ်များအတွက် အသက်မွေးဝမ်းကျောင်းပညာများ သင်ကြားပေးခြင်းဖြင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန်၊ မိသားစု တစ်ပိုင်တစ်နိုင်လုပ်ငန်းငယ်လေးများ ထူထောင်နိုင်ပြီး မိသားစုဝင်ငွေများတိုးပွားလာစေရန် ရည်ရွယ်၍ အခြေခံစက်ချုပ်သင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၁၀ နာရီတွင် လယ်ဝေးမြို့နယ် သော်မှာ်ကုန်းစံပြကျေးရွာရှိ လူထုဗဟိုပြုခန်းမ၌ ဖွင့်လှစ်ရာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း၊ နေပြည်တော် အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်မိုးမိုးအေး၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိ သူများ၊      ကျေးရွာ ရပ်မိ ရပ်ဖများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသူ (၁၉)ဦးတို့ တက်ရောက်ကြသည်။

             အဆိုပါ သင်တန်းဖွင့်ပွဲ၌ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက အဖွင့်အမှာစကား ပြောကြားပြီး ညွှန်ကြားရေးမှူး ဒေါ်မိုးမိုးအေးက သင်တန်းနှင့်စပ်လျဉ်း၍ပြောကြားပြီးနောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းနှင့် အခမ်းအနားသို့ တက်ရောက်လာသူများက သင်တန်းတွင် သင်ကြားပေးမည့်အခြေအနေများကို ကြည့်ရှုစစ်ဆေးရာ ညွှန်ကြားရေးမှူး ဒေါ်မိုးမိုးအေးက လိုက်လံရှင်းလင်းပြသသည်။

          သင်တန်းတွင် အမျိုးသမီးဝတ် ရင်ဖုံးချုပ်နည်း၊ ကလေးဝတ်ဂါဝန်ချုပ်နည်း၊ သင်္ဘောသားအင်္ကျီချုပ်နည်း၊ ဘောင်းဘီတို/ရှည်ချုပ်နည်း၊ စကတ်ချုပ်နည်းနှင့် ချိတ်ထဘီ ချုပ်နည်း တို့ကို အောက်တိုဘာလ ၃ ရက်နေ့မှ နိုဝင်ဘာလ ၁ နေ့အထိ သင်တန်းသူ (၁၉)ဦးတို့အား စာတွေ့ လက်တွေ့ သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။

               ယခုသင်တန်းပြီးဆုံးပါက သင်တန်းဆင်းများအနေဖြင့် အထည်ချုပ်စက်ရုံများတွင် အလုပ် လုပ်ကိုင်လိုပါက နေပြည်တော် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ချိတ်ဆက်ပေးမည် ဖြစ်ပြီး သင်တန်းဆင်းများအထဲမှ အရည်အချင်းပြည့်ဝ၍ အမှန်တကယ်လုပ်ငန်း ထူထောင်မည့် သင်တန်းသား(၃)ဦးအား စိစစ်အကဲဖြတ်ကာ အပ်ချုပ်စက်(၁)လုံးစီ ထောက်ပံ့ပေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm