Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဒုတိယဝန်ကြီး ဦးမြင့်စိုး မန္တလေးတိုင်းဒေသကြီးအတွင်း ငလျင်ဒဏ်သင့် ရုံးများအား လိုက်လံကြည့်ရှုစစ်ဆေး


29 Apr,2025

နေပြည်တော် ဧပြီ ၂၈

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် တာဝန်ရှိသူ များလိုက်ပါလျက် မန္တလေးငလျင်ကြီး လှုပ်ခတ်မှုကြောင့် ထိခိုက်မှုရှိခဲ့သော မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့ရှိ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူးရုံးသို့ ယနေ့နံနက် ပိုင်းက  သွားရောက် ကြည့်ရှုစစ်ဆေးကာ မိမိဝန်ကြီးဌာန၏ တိုင်း၊ ခရိုင်၊ မြို့နယ် အင်ဂျင်နီယာများ ပါဝင်သော အကြိုစစ်ဆေးရေးလုပ်ငန်းအဖွဲ့ ဖွဲ့စည်း၍ ရုံးအဆောက်အဦးများ၏ Horizontal Alignment ၊ Vertical Alignment ၊ Structural Member အချို့နှင့် Non-Structure များ ကြံခိုင်မှု အခြေအနေ တိုင်းတာစစ်ဆေးမှုများကို အမြန်ဆောင်ရွက်ပေးရန်၊ အတက်အဆင်းလှေကား နိမ့်ကျ နေမှုကို စစ်ဆေးပြုပြင်ရန်၊ မျက်နှာကျက်များ ပြန်လည်တပ်ဆင်ပေးသွားရန်နှင့် ရေထွက်နည်းသွား သော ရုံးပိုင်စက်ရေတွင်းအား တွင်းဆေးတွင်းမှုတ် ပြန်လည်ပြုလုပ်ပေးရန် မှာကြားသည်။

၎င်းနောက် ဦးစီးဌာန(၄)ခုမှ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ငလျင်ဒဏ်သင့်ဒေသများမှ ပြည်သူ များအတွက် နိုင်ငံတော်က ပံ့ပိုးကူညီဆောင်ရွက်ပေးမှုများ၊ ဝန်ထမ်းများအတွက် မိမိတို့ဝန်ကြီးဌာန ၏ ပံ့ပိုးဆောင်ရွက်ပေးမှုများကို ရှင်းလင်းပြောကြားကာ ရုံးဖွင့်လှစ်မှု၊ ဝန်ထမ်းမိသားစုများ နေထိုင်မှု တို့နှင့်စပ်လျဉ်း၍ အခက်အခဲရှိ မရှိ မေးမြန်းပြီး အားပေးစကားများ ပြောကြားခဲ့သည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူးရုံးသို့ သွားရောက်၍ သန့်စင်ခန်းနှင့်တွဲလျက် အုတ်နံရံ ပျက်စီးနေမှုကို အမြန်ပြုပြင်ဆောင်ရွက်ပေးရေး၊ အကြိုစစ်ဆေးမှုများ ပြုလုပ်ပြီးပါက လတ်တလောပြင်ဆင်ရမည့်လုပ်ငန်းများအား ဦးစားပေး ပြင်ဆင်ဆောင်ရွက်သွားရေး မှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် ရမည်းသင်းမြို့နယ်၊ သမဝါယမဦးစီးဌာနရုံးနှင့် မြို့နယ်သမဝါ ယမအသင်းစုရုံးသို့ သွားရောက်ကြည့်ရှုစစ်ဆေး၍ ပြိုကျသွားသော ခြံစည်းရိုး (၄၈) ပေနှင့် ထိခိုက်မှု ရှိသွားသော အဆောက်အဦး နံရံများ ပြန်လည်ပြုပြင်ရေး မှာကြားပြီးနောက် ငလျင်ဒဏ်သင့် ဒေသ များ၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေသကဲ့သို့ များမကြာမီ စိုက်ပျိုးရာသီ ရောက်လာမည်ဖြစ်၍ စိုက်ပျိုးရေးသမဝါယမအသင်းများအနေဖြင့် မိုးစပါး၊ မိုးဝါ၊ ဆီထွက်သီးနှံ မိုးမြေပဲတို့ကို ပန်းတိုင်အထွက်နှုန်းရရှိအောင် တာဝန်ရှိသူများက ကြပ်မတ်ဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားသည်။

ထိုမှတဆင့် ဒုတိယဝန်ကြီးသည် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ မိတ္ထီလာမြို့၊ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းသို့ သွားရောက်ပြီး ရုံးအဆောက်အဦး၊ ဝန်ထမ်း အိမ်ရာများ၊ သင်တန်းသားသင်တန်းသူ အိပ်ဆောင်များ လိုက်လံကြည့်ရှုစစ်ဆေး၍ ဆောင်ရွက်ပေး ရမည့် လုပ်ငန်းများအား ညှိနှိုင်းမှာကြားခဲ့သည်။ ယင်းနောက် ဝန်ထမ်များအား တွေ့ဆုံမှာကြားပြီး ချည်မျှင်နှင့် အထည်အလိပ်ကျွမ်းကျင်သူ (၁) နှစ် သင်တန်း၊ လက်ရက်ကန်း(၆)လသင်တန်း တက် ရောက်နေကြသော သင်တန်းသား သင်တန်းသူများ၏ စက်ရက်ကန်းနှင့် လက်ရက်ကန်း  လက်တွေ့ သင်ယူနေမှုများ၊ ပန်းပုံရိုက်ပညာ (Eco printing) သင်ယူနေမှုအခြေအနေများကို ကြည့်ရှုအားပေးခဲ့ သည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် ကျောက်ဆည်မြို့၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ယာယီခရိုင်ရုံးသို့ သွားရောက်၍ မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးမှုရှိမရှိကို ကြည့်ရှုစစ်ဆေး ပြီး ဝန်ထမ်းများနှင့်တွေ့ဆုံကာ လိုအပ်သည်များ ဆောင်ရွက်ပေးခဲ့သည်။ ဆက်လက်ပြီး သမဝါယမ ဦးစီးဌာန၏ ယာယီရုံးဖွင့်လှစ်ထားသောနေရာသို့လည်းကောင်း၊ အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန၏ ယာယီရုံး တည်ဆောက်ဖွင့်လှစ်မည့် နေရာသို့လည်းကောင်း သွားရောက်ကြည့်ရှု စစ်ဆေးသည်။ ထို့နောက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ရုံးသို့ သွားရောက်ပြီး ရုံးအဆောက်အဦးနှင့် ဝန်ထမ်းအိမ်ရာများ ထိခိုက်မှုအခြေအနေကို ကြည့်ရှုစစ်ဆေးသည်။ ဆက်လက်ပြီး ဝန်ကြီးဌာနအောက် ဦးစီးဌာန (၄) ခုမှ ဝန်ထမ်းများနှင့် တွေ့ဆုံ အားပေးစကား ပြောကြားခဲ့သည်။

 

ထိုမှတဆင့် ဒုတိယဝန်ကြီးသည် မန္တလေးမြို့သို့သွားရောက်၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာန တိုင်းဦးစီးမှူးရုံး၏ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများကို လိုက်လံကြည့်ရှု စစ်ဆေးပြီး လတ်တလော ပြန်လည်ပြုပြင်ရမည့်လုပ်ငန်းများ၊ ဆက်လက်ဆောင်ရွက်ရမည့်လုပ်ငန်း များကို ညှိနှိုင်းမှာကြားသည်။ ယင်းနောက် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန တိုင်းဦးစီးမှူးရုံးသို့ သွားရောက်၍ ထိခိုက်ပျက်စီးမှုရှိ မရှိ ကြည့်ရှုစစ်ဆေးကာ ဦးစီးဌာနဝန်ထမ်းများနှင့် တွေ့ဆုံ အားပေးစကား ပြောကြားခဲ့သည်။

ထိုမှတဆင့် ဒုတိယဝန်ကြီးသည် သမဝါယမကောလိပ် (မန္တလေး) သို့ သွားရောက်ပြီး ပင်မဆောင် ထိခိုက်ပျက်စီးမှုအခြေအနေ၊ ၂ ခန်းတွဲဝန်ထမ်းအိမ်ရာများ ပြန်လည်ပြုပြင်ဆောင်ရွက် နေမှုအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။ ယင်းနောက် သမဝါယမကောလိပ် စာကြည့်တိုက်တွင် ဆရာဆရာမများ၊ ဝန်ထမ်းများနှင့် တွေ့ဆုံအားပေးစကား ပြောကြားပြီး ပြည်ထောင်စုဝန်ကြီး၏ ခရီးစဉ်လမ်းညွှန်ချက်အရ Life Straw သောက်ရေသန့်စက် (၂) လုံးအား ကျောင်းသားကျောင်းသူ များ အသုံးပြုရန်အတွက် ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်