Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဒုတိယဝန်ကြီး ဦးမြင့်စိုး ငလျင်ဒဏ်သင့် ဝန်ထမ်းမိသားစုများအတွက် ယာယီဝန်ထမ်းအိမ်ရာ ဆောက်လုပ်နေမှုများ ကြည့်ရှုစစ်ဆေး


12 Apr,2025

နေပြည်တော် ဧပြီ ၁၂

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် တာဝန်ရှိသူ များလိုက်ပါလျက် ယနေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်၊ ကျွန်းဦး စံပြကျေးရွာ (Smart Village) သို့ သွားရောက်၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ရွေ့လျားရေသန့်စင်ကားဖြင့် အထိုင်ချကာ သောက်သုံးရေဖြန့်ဝေပေးနေမှုကို ကြည့်ရှုအားပေးခဲ့ သည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလက ရာဂိမုန်တိုင်းဒဏ် ခံခဲ့ရ သော အဆိုပါကျွန်းဦးကျေးရွာ၌ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်ထူထောင်ရေး လုပ်ငန်းကော်မတီ၏ အစီအစဉ်ဖြင့် ပဲကြော်ပဲလှော်လုပ်ငန်းများ ပြန်လည်လုပ်ကိုင်နိုင်ရေး၊ မှီခို ဝန်ထမ်းများ အလုပ်အကိုင်ရရှိရေး ဆောင်ရွက်ပေးထားသော နန်းလွင်ဦး ပဲလှော်ဖိုလုပ်ငန်းနှင့် ဒေါ်ဇင်မာထိုက်၏ ပဲလှော်ဖိုလုပ်ငန်းများသို့ သွားရောက်ကြည့်ရှုအားပေးခဲ့သည်။

အဆိုပါကျေးရွာတွင် ရာဂိမုန်တိုင်းဒဏ်သင့်ခဲ့စဉ်က သမဝါယမအသင်းသားတောင်သူ နေအိမ် များ ထိခိုက်ပျက်စီးခဲ့၍ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်ထူထောင်ရေး လုပ်ငန်း ကော်မတီ၏ အစီအစဉ်အရ CB Bank ဥက္ကဋ္ဌ ဦးခင်မောင်အေး၏ လှူဒါန်းငွေဖြင့် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တည်ဆောက်ပေးခဲ့သော တန်ဖိုးနည်း ကျေးလက်အိမ်ရာ (၁၈) လုံး ဆောက်လုပ်ပေးခဲ့ရာ ဒုတိယဝန်ကြီးသည် အဆိုပါနေအိမ်များအား လိုက်လံကြည့်စစ်ဆေးခဲ့ သည်။ ၎င်းနောက် ဒုတိယဝန်ကြီးသည် ငလျင်ဒဏ်ကြောင့် ကျေးရွာဘက်စုံသုံးခန်းမ ထိခိုက်မှု အခြေအနေကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားခဲ့သည်။

ထိုမှတဆင့် ဒုတိယဝန်ကြီးသည် ပျဉ်းမနားမြို့တွင်းရှိ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဝန်ထမ်းရိပ်သာသို့ သွားရောက်ပြီး ဝန်ထမ်းများအား တွေ့ဆုံအားပေးကာ ယာယီခြံစည်းရိုး  ကာရံထားရှိမှုအား ကြည့်ရှုစစ်ဆေးခဲ့သည်။

ထို့နောက် ဒုတိယဝန်ကြီးသည် ဇမ္ဗူသီရိမြို့နယ်၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန တိုင်းဦးစီးမှူး ရုံးမြေနေရာသို့ သွားရောက်၍ အမှုထမ်းများ ယာယီနေထိုင်နိုင်ရေးအတွက် ၄ ခန်းတွဲ၊ ၁ ထပ် အိမ်ရာ (၁၀) လုံး ဆောက်လုပ်နေမှုနှင့် ရေ၊ မီး၊ မိလ္လာ လုပ်ငန်းများအား လိုက်လံကြည့်ရှု စစ်ဆေးခဲ့သည်။ အဆိုပါဝန်ထမ်းအိမ်ရာတွင် အမှုထမ်း (၈၀) ဦး ခန့် ဧပြီလကုန်၌ နေရာချထား ပေးနိုင်မည် ဖြစ်ပါသည်။

ထိုမှတဆင့် ဒုတိယဝန်ကြီးသည် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနပိုင် မြေ နေရာ၌ သမဝါယမဦးစီးဌာနမှ ငလျင်ဒဏ်သင့် အမှုထမ်း (၆၀) ဦးနှင့် မိသားစုများ ယာယီနေထိုင် နိုင်ရန် ၄ ခန်းတွဲ ၁ ထပ် အိမ်ရာ (၂၀) လုံး၊ အရာထမ်း ၂၀ ဦးနှင့် မိသားစုများ ယာယီနေထိုင်နိုင်ရန်  ၂ ခန်းတွဲ ၁ ထပ် အိမ်ရာ (၂၀) လုံး တည်ဆောက်မည့်နေရာကိုလည်းကောင်း၊ အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနမှ အမှုထမ်း (၂၈) ဦးနှင့် မိသားစုများ ယာယီနေထိုင်နိုင်ရန် ၄ ခန်းတွဲ ၁ ထပ် အိမ်ရာ (၇) လုံး၊ အရာထမ်း (၃၂) ဦးနှင့်မိသားစုများ ယာယီနေထိုင်နိုင်ရန် ၂ ခန်းတွဲ ၁ ထပ် အိမ်ရာ (၁၆) လုံး တည်ဆောက်ရန် ပြင်ဆင်ဆောင်ရွက်နေမှုများကိုလည်းကောင်း ကြည့်ရှု စစ်ဆေး ခဲ့သည်။ အဆိုပါအိမ်ရာများအား မေလ ပထမပတ်အတွင်း ပြီးစီးအောင် တည်ဆောက်ပေးသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်