"သာပေါင်းမြို့နယ် တံခွန်တိုင်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းလည်ပတ်ရန်ပုံငွေ ဒုတိယအကြိမ်ထုတ်ချေး"
သာပေါင်း၊ ဧပြီ ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက တံခွန်တိုင်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းအရင်းမပျောက်လည်ပတ်ရန်ပုံငွေ ဒုတိယအကြိမ်ထုတ်ချေးခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ သာပေါင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်နွယ်က ကျေးရွာရှိ ရပ်မိ၊ရပ်ဖများ၊ မြစိမ်းရောင်အသင်းသား၊အသင်းသူများ၊ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များနှင့်တွေ့ဆုံကာ မြစိမ်းရောင်ကျေးရွာစီမံကိန်း၏ ရည်ရွယ်ချက်များ၊ စီမံကိန်းဆောင်ရွက်ရခြင်း၏ အကျိုးကျေးဇူးများလုပ်ငန်းစဉ်များကို ရှင်းလင်း ပြောကြားသည်။
ဆက်လက်၍ သာပေါင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ စီမံကိန်း တာဝန်ခံဝန်ထမ်းများက အတိုးနှုန်းနှင့်ကာလသတ်မှတ်ချက်များ၊ ချေးငွေထုတ်ချေးရာတွင် လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်များကို ရှင်းလင်းပြောကြားပြီး တံခွန်တိုင်ကျေးရွာရှိ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များထိသို့ စီမံကိန်းအရင်းမပျောက်လည်ပတ်ရန်ပုံငွေ ကျပ် ၃၁၅ သိန်းကို လွှဲပြောင်းပေးအပ်ခဲ့သည်။
ထို့နောက် မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်နွယ်နှင့်တာဝန်ရှိသူများက မြစိမ်းရောင်ကျေးရွာ စီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များနှင့်အတူ တံခွန်တိုင်ကျေးရွာတွင် ဒုတိယအကြိမ်အဖြစ် စိုက်ပျိုးရေး လုပ်ငန်းလုပ်ကိုင်သူ ၄၉
ဦးကို ငွေကျပ် ၂၃၈သိန်း၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၇ဦးကို ငွေကျပ်၁၇
သိန်း၊ ရေလုပ်ငန်းလုပ်ကိုင်သူ ၁၂ဦးကို ငွေကျပ် ၂၉သိန်း၊ အရောင်းအဝယ်လုပ်ငန်း များလုပ်ကိုင်သူ ၃ ဦးကို ငွေကျပ်၁၆သိန်း၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းလုပ်ကိုင်သူ ၄ဦးကို ငွေကျပ် ၁၅သိန်း၊ စုစုပေါင်းအသင်းသား၊အသင်းသူ ၇၅ဦးကို အရင်းမပျောက်လည်ပတ်ရန်ပုံငွေကျပ် ၃၁၅သိန်း ထုတ်ချေးပေးခဲ့ကြောင်းသိရသည်။
နွဲ့ယဉ်
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်