နေပြည်တော် ဧပြီ ၇
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက မတ်လ၂၈ရက်နေ့ လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဝန်ထမ်းများ နေထိုင်နိုင်ရေးအတွက် ဝန်ထမ်းလိုင်းခန်းများ တည်ဆောက်နေမှု အခြေအနေများကို ကြည့်ရှု စစ်ဆေးခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဇမ္ဗူသီရိမြို့နယ်ရှိ ပြည်ထောင်စုနယ်မြေ နေပြည်တော် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ရုံးဝန်းအတွင်း ငလျင်ဒဏ်သင့် ဝန်ထမ်းများ နေထိုင်နိုင်ရေး ဝန်ထမ်းလိုင်းခန်းများ တည်ဆောက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာတာဝန်ရှိသူ များက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်း တင်ပြပါသည်။ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများ မိုးရာသီမတိုင်မီ လုံခြုံမှုရှိသည့် အမိုးအကာအောက် ရောက်ရှိစေရေး အမြန်ဆုံး ပြီးစီးအောင်ဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး၌ ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည် စားရိပ်သာ ပြန်လည် တည်ဆောက်နိုင်ရေး မြေနေရာရှင်းလင်းခြင်းနှင့် လမ်းပြုပြင်ဆောင်ရွက်နေမှု အခြေအနေများအား လည်းကောင်း၊ ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမနှင့် သမဝါယမဦးစီးဌာန အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့၏ ရုံးအဆောက်အဦ ပျက်စီးနေမှုအခြေအနေများကို ကြည့်ရှု စစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများ ရုံးလုပ်ငန်းများဆောင်ရွက်ရာတွင် ဘေးအန္တရာယ် ကင်းရှင်းစေရေး အထူးဂရုပြုဆောင်ရွက်သွားရန်နှင့် ပြန်လည်ပြုပြင် ဆောင်ရွက်မည့် အစီအစဉ် များတင်ပြသွားရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်