စက်တင်ဘာ ၂၈
ကချင်ပြည်နယ်အတွင်း စားသုံးဆီလိုအပ်ချက်ဖြည့်ဆည်းနိုင်ရန်နှင့် အသင်းသားပြည်သူများ အား သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်စေရန် ရည်ရွယ်၍ ကချင်ပြည်နယ်သမဝါယမဦးစီး ဌာနနှင့် မန္တလေးတိုင်းဒေသကြီးသမဝါယမဦးစီးဌာနတို့ ချိတ်ဆက်၍ မြစ်ကြီးနားမြို့နယ်ရှိ အေးချမ်းသာ ငွေစုငွေချေးသမဝါယမအသင်းက မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်သမဝါယမအသင်းစုမှ ထုတ်လုပ်သော မြေပဲဆီသန့်ပိဿာချိန် ၁၀၀၀ အား စတုတ္ထအကြိမ်အဖြစ် ထပ်မံဝယ်ယူ၍ ဒေသ ပေါက်ဈေးထက် သက်သာသောဈေးနှုန်းဖြင့် ကချင်ပြည်နယ်အတွင်းရှိ မြို့နယ်သမဝါယမဦးစီး ဌာနများမှတစ်ဆင့် အသင်းသားပြည်သူများသို့ ဖြန့်ဖြူးရောင်းချပေးခဲ့ကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။