Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ကော့ကရိတ်ခရိုင်ရုံးမှ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ


21 Apr,2022

ကော့ကရိတ် ဧပြီ ၂၀

        အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ကော့ကရိတ်ခရိုင်ရုံးမှ ဖွင့်လှစ်သော အသက်မွေးဝမ်းကျောင်းပညာကာလတိုသင်တန်းဖြစ်သည့် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း ဖွင့်ပွဲအခမ်းအနားကို (၂၀.၄.၂၀၂၂) ရက်နေ့၊ နံနက်(၁၀)နာရီတွင် ကော့ကရိတ်မြို့နယ်၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန သင်တန်းခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီး၊ ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး၊ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများ၊ ရပ်ကွက်အတွင်းရှိ ရပ်မိရပ်ဖများနှင့် သင်တန်းသား/သူများ တက်ရောက်ကြပြီး ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီးမှ သင်တန်းဖွင့်အမှာစကားပြောကြားရာတွင် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အသေးစားလုပ်ငန်းများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ယခုကဲ့သို့ ကာလတိုသင်တန်းများ ဖွင့်လှစ်သင်ကြားပို့ချရခြင်းဖြစ်ပါကြောင်း၊ လူသုံးကုန် သင်တန်းတွင် အသုံးပြုသည့် ဓါတုပစ္စည်းများ သုံးစွဲပုံတို့ကိုလည်း စနစ်တကျလေ့လာမှတ်သားစေလိုပါကြောင်း၊ သင်တန်းသူ/သားများလည်း သင်တန်းပြီးဆုံးပါက တစ်ပိုင်တစ်နိုင်လုပ်ငန်းများ ထူထောင်ပြီး အသေးစားစက်မှုလက်မှုလုပ်ငန်းရှင်များ ပေါ်ပေါက်လာစေရန် ကြိုးစားစေလိုပါကြောင်း၊ သင်တန်းတွင်လည်း ဘေးဥပါဒ်ကင်းရှင်းပြီး ကျန်းမာရေးနှင့်ညီညွတ်သော ကုန်ပစ္စည်းများ ထုတ်လုပ်တတ်စေရန် ဦးစားပေး၍ သင်ကြားပို့ချသွားမည်ဖြစ်ပါကြောင်း၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဖွင့်လှစ်သော အခြားအသက်မွေးဝမ်းကျောင်းသင်တန်းများအား စိတ်ဝင်စားမှုရှိပါက ဌာနမှ သင်ကြားပို့ချသွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

         ထို့နောက် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ကော့ကရိတ်ခရိုင်ရုံးခွဲမှ ခရိုင်ဦးစီးမှူးသည် သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပါသည်။

    အဆိုပါသင်တန်းကို သင်တန်းသား(၂၀)ဦးဖြင့် (၂၀.၄.၂၀၂၂) ရက်နေ့မှ (၂၄.၄.၂၀၂၂)ရက်နေ့ထိ (၅)ရက်ကြာ ဖွင့်လှစ်သင်ကြားပို့ချသွားမည်ဖြစ်ပြီး လုပ်ငန်းသုံးဓါတုဗေဒပစ္စည်းများ၏ အသုံးဝင်ပုံများအကြောင်း၊ ဆပ်ပြာခရင်(မ်)ပြုလုပ်နည်း၊ ပန်းကန်‌ဆေးဆပ်ပြာအဆီပြုလုပ်နည်း၊ အဝတ်လျှော်ဆပ်ပြာအဆီပြုလုပ်နည်း၊ ရေချိုးဆပ်ပြာရည်ပြုလုပ်နည်း၊ ဘက်စုံသုံးဆပ်ပြာဆီပြုလုပ်နည်း၊ ခေါင်းလျှော်ရည်ပြုလုပ်နည်း၊ ဆပ်ပြာအကြည်ခဲပြုလုပ်နည်း၊ ရေမလိုလက်သန့်ဆေး(Hand Spray)၊ Quality Control and Packaging၊ စီးပွားရေးစီမံခန့်ခွဲမှုနှင့် ပတ်သက်သည့် သိကောင်းစရာများ၊ အသေးစားစက်မှုလက်မှုလုပ်ငန်းမှတ်ပုံတင်ခြင်းဆိုင်ရာသိကောင်းစရာများ စသည့် ဘာသာရပ်များကို စာတွေ့ (၃၀%)၊ လက်တွေ့(၇၀%)သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm