ပွင့်ဖြူမြို့နယ် ဂါတ်ကုန်း ကျေးရွာ၌ မီးခိုးမြူငွေ့နှင့် လေထုညစ်ညမ်းမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြော
ပွင့်ဖြူ မတ် ၂၆
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ခရိုင်၊မြို့နယ်ပတ်၀န်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ဂါတ်ကုန်း ကျေးရွာ၌ မီးခိုးမြူငွေ့နှင့် လေထုညစ်ညမ်းမှုတားဆီးကာကွယ်ရေး ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို မတ်လ ၂၅ ရက်နေ့ နံနက် ပိုင်းက အဆိုပါကျေးရွာ ဓမ္မာရုံ ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည် ။
ရှေးဦးစွာ မင်းဘူးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးခင်မောင်ကျော် က လေထုညစ်ညမ်းမှုအန္တရာယ်မှ ကင်းဝေးစေရန်နှင့် ကျန်းမာသန့်ရှင်းပြီး ဘေးကင်းလုံခြုံသော လူနေမှုပတ်ဝန်းကျင် ဖန်တီးပေးနိုင်ရန် ရည်ရွယ်၍ ဟောပြောပွဲ ပြုလုပ်ခြင်း ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ မင်းဘူးခရိုင် ပတ်၀န်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးကျော်ဇေယျက မီးခိုးမြူငွေ့အန္တရာယ်အကြောင်း သိကောင်းစရာများ ဆွေးနွေး ပြောကြားပြီး ခရိုင်၊မြို့နယ် ဌာနဆိုင်ရာ အသီးသီး က မီးခိုးမြူငွေ့အန္တရာယ်ကြောင့် နောက်ဆက်တွဲဖြစ်ပွားလာနိုင်သည့် ပတ်ဝန်းကျင်ညစ်ညမ်းမှုများကို ကာကွယ်နိုင်ရန် လိုက်နာ ဆောင်ရွက်ရမည့် အချက်များနှင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုမဖြစ်ပေါ်စေရေး စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှု ဆိုင်ရာ သိကောင်းစရာများကို ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ ခရိုင်၊မြို့နယ်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနဝန်ထမ်းများက မီးခိုးမြူငွေ့နှင့် လေထုညစ်ညမ်းမှုတားဆီးကာကွယ်ရေးဆိုင်ရာ လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
အဆိုပါဟောပြောပွဲသို့ ဂါတ်ကုန်း ကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများနှင့် ကျေးရွာသူ၊ ကျေးရွာသား ဦးရေ ၂၀၀ တက်ရောက်ခဲ့ကြောင်း မင်းဘူးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးခင်မောင်ကျော် ထံမှ သိရသည်။
ဇင်မာ
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်