နေပြည်တော် မတ် ၂၄
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ဧရာဝတီ တိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေမျိုးအောင်နှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်၊ နတ်မော်ကျေးရွာသို့ သွားရောက်ပြီး နတ်မော် စိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်းမှ အသင်းအမှုဆောင်များ၊ အသင်းသူအသင်းသားများနှင့် တွေ့ဆုံခဲ့ရာ သမဝါယမဦးစီးဌာန၊ ဒုတိယတိုင်းဦးစီးမှူးက လုပ်ငန်း ဆောင်ရွက်နေမှုများ ရှင်းလင်းတင်ပြသည်။
ယင်းနောက် ဒုတိယဝန်ကြီးက အမှာစကားပြောကြားရာတွင် ဧရာဝတီတိုင်းဒေသကြီး ဂုဏ်ဆောင် ပေါ်ဆန်းစပါးမျိုး ပြန်လည်ထွန်းကားရှင်သန်လာရေးအတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရေး၊ ဆီထွက်သီးနှံ နေကြာအပါအဝင် မြေပဲ၊ နှမ်းများ ပန်းတိုင်အထွက်နှုန်းရရှိရေး၊ မြို့နယ်တစ်ခုချင်းအလိုက် ဒေသတည်ငြိမ်အေးချမ်းရေးအတွက် တာဝန်ရှိသူများနှင့် ဝိုင်းဝန်းပူးပေါင်း လက်တွဲဆောင်ရွက်ကြရေး တိုက်တွန်းမှာကြားသည်။
ဆက်လက်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက အမှာစကား ပြောကြားသည်။
ထို့နောက် အသင်းသူအသင်းသားများ၏ စိုက်ပျိုးရေးဆိုင်ရာလိုအပ်ချက်များ၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၏ ဖွံ့ဖြိုးရေးဆိုင်ရာ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ဒုတိယဝန်ကြီးသည် ယမန်နေ့ညနေပိုင်းကလည်း သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုုပ် ဦးအောင်သူရနှင့်အတူ ဧရာဝတီတိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်မှ တာဝန်ရှိသူများ၊ ဧရာ့အားမန် စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းမှ အမှုဆောင်များနှင့်တွေ့ဆုံကာ လိုအပ် သည်များ ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်