Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

တာဝန်ရှိသူများက နွေစပါးစိုက်ပျိုးနေမှုများအား ကြည့်ရှုအားပေး


20 Mar,2025

ကျောက်ဆည် မတ် ၂၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌ ဆည်၊ မြောင်း၊ ချောင်း၊ ကန်ပေါများပြီး ဒေသတွင်းဆန်စပါးဖူလုံပိုလျှံရေး တစ်နှစ်ပတ်လုံးဆန်စပါးကို အဓိကထား စိုက်ပျိုးကြကြောင်းနှင့် မန္တလေးတိုင်းဒေသကြီးသမဝါယမဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဝင်းနှင့် တာဝန်ရှိသူများသည် ပတ္တာကျေးရွာ စိုက်ပျိုးရေးနှင့် အထွေထွေထုတ်လုပ်ရေးသမဝါယမ အသင်းသားတောင်သူ ဒေါ်မြင့်မြင့်အေး ၏ ကွင်းအမှတ် (၂၀၉-က)၊ ဦးပိုင်(၄၁) နွေစပါး(၃)ဧက စိုက်ပျိုးနေမှု များအား ကြည့်ရှုခဲ့ပြီး တစ်ဧကပန်းတိုင် အထွက်နှုန်းပြည့်ဝရေး အားပေးလမ်းညွှန်စကားများ ပြောကြားခဲ့ကြောင်း သိရသည်။ 

ကျောက်ဆည်မြို့နယ် ပတ္တာကျေးရွာစိုက်ပျိုးရေးနှင့် အထွေထွေထုတ်လုပ်ရေး သမဝါယမအသင်းတွင် နွေစပါးစိုက်ပျိုးသည့် အသင်းသားတောင်သူ(၄၆)ဦးမှ နွေစပါး (၃၀၀) ဧက စိုက်ပျိုးလျက်ရှိကြောင်းနှင့် ကျောက်ဆည်မြို့နယ်တွင် နွေစပါးစိုက်ပျိုးသည့် အခြေခံ သမဝါအသင်းပေါင်း(၁၁)သင်း၊ အသင်းသားဦးရေ (၃၈၂)ဦး၊ နွေစပါး(၂၀၀၀)ဧက စိုက်ပျိုး လျက်ရှိကြောင်း မြို့နယ်သမဝါယမဦးစီးဌာနမှ သိရသည်။

သက်မောင်(ပြန်/ဆက်)

မန္တလေးတိုင်းဒေသကြီး


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်