သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)တွင် (၁၇.၃.၂၀၂၅) ရက်နေ့ နံနက်ပိုင်း၌ ကွန်ပျူတာလက်တွေ့ စာမေးပွဲဖြေဆိုနေမှုနှင့် ရေးဖြေစာမေးပွဲ ဖြေဆိုနေမှု အခြေအနေများကို ပါမောက္ခချုပ် ဦးဆောင်၍ ဒုတိယပါမောက္ခချုပ်(သင်ကြား)၊ ပါမောက္ခ(ဌာနမှူး)များ၊ သင်တန်းရေးရာဌာနမှူးနှင့် မော်ကွန်းထိန်းများက လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကွန်ပျူတာလက်တွေ့ စာမေးပွဲများနှင့် Theory ပိုင်း ရေးဖြေစာမေးပွဲများကို (၁၇.၃.၂၀၂၅)ရက်နေ့မှ (၂၄.၃.၂၀၂၅) ရက်နေ့ထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ်၊ စတုတ္ထနှစ်၊ မဟာတန်းပထမနှစ်တို့၏ ပထမနှစ်ဝက်နှင့်ဒုတိယနှစ်ဝက် စာမေးပွဲများကို ကျောင်းသား၊ ကျောင်းသူဦးရေ (၁၃၄၆)ဦး ဖြေဆိုလျက် ရှိပါသည်။
ပါမောက္ခချုပ်မှ ကွန်ပျူတာလက်တွေ့စာမေးပွဲများကို အဆင်ပြေချောမွေ့စွာ ဖြေဆိုစစ်ဆေးပြီးစီးနိုင်ရေးအတွက် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း၍ စနစ်တကျဆောင်ရွက်သွားနိုင်ရန် တာဝန်ရှိသူများကို မှာကြားခဲ့ပါသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်