မော်လမြိုင် မတ် ၁၉
မော်လမြိုင်မြို့၊ သမဝါယမစာရင်းရေးစာရင်းကိုင်သက်မွေးပညာသင်တန်း ကျောင်း၌ အခြေခံစာရင်းကိုင်နှင့်စာရင်းစစ်သင်တန်း(အမှုထမ်း)ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ပိုင်းက အဆိုပါသင်တန်းကျောင်း၌ ကျင်းပခဲ့သည်။
အခမ်းအနားသို့ ပြည်နယ်သမဝါယမဦးစီးဌာနမှ ညွှန်ကြားရေးမှူး၊ သင်တန်းကျောင်း ကျောင်းအုပ်ကြီး၊ ပြည်နယ်သမဝါယမအသင်းစုချုပ်ဥက္ကဋ္ဌ၊ မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌ၊ နှင့်တာဝန်ရှိသူများ၊ သင်တန်းသား/သူများ တက်ရောက်ခဲ့ပြီး ပြည်နယ်သမဝါယမဦးစီးဌာနမှ ညွှန်ကြားရေးမှူးက အမှာစကားပြောကြားခဲ့သည်။
အဆိုပါသင်တန်းသို့ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်းရှိ သမဝါယမဦးစီးဌာနအဆင့် ဆင့်မှ တာဝန်ထမ်းဆောင်နေသော အမှုထမ်းဝန်ထမ်းများတက်ရောက်လျက်ရှိပြီး လုပ်ငန်းခွင်၌ စွမ်းရည်ပြည့်ဝစွာ ဆောင်ရွက်နိုင်စေရန်အတွက် ရည်ရွယ်၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ သင်တန်းကာလမှာ မတ်လ ၁၇ ရက်မှ ၃၀ ရက်ထိ ဖြစ်ကြောင်း သိရသည်။
သမဝါယမဦးစီးဌာန
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်