Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် အခြေခံစာရင်းကိုင်နှင့် စာရင်းစစ်သင်တန်း (အမှုထမ်း)ဖွင့်ပွဲ အခမ်းအနားတက်ရောက်


19 Mar,2025

မကွေး မတ် ၁၉

မကွေးတိုင်းဒေသကြီးသမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်း (မကွေး)တွင် အခြေခံစာရင်းကိုင်နှင့် စာရင်းစစ်သင်တန်း(အမှုထမ်း)ဖွင့်ပွဲ အခမ်းအနားကို သင်တန်းကျောင်းခန်းမ၌ကျင်းပရာ၊ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင် ဝန်ကြီးများ၊ သမဝါယမနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီး ဌာနအောက်ရှိ တိုင်းဒေသကြီး အဆင့်ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများ၊ သင်တန်းကျောင်းမှ ဆရာ/ဆရာမများ၊ ဝန်ထမ်းများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

ဖွင့်ပွဲအခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က သမဝါယမဦးစီးဌာန အဆင့်ဆင့်ရှိ ဝန်ထမ်းများအနေဖြင့် ရုံးလုပ်ငန်းများနှင့် သမဝါယမကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်ကြသည့်အခါ စာရင်းရေးသွင်းခြင်း၊ စာရင်းကိုင်ခြင်းနှင့် သမဝါယမ အသင်းများတွင် လုပ်ကိုင်ဆောင်ရွက်နေကြသော စာရင်းရေးသွင်းပုံ၊ ရေးသွင်းနည်းနှင့် စာရင်းထိန်းသိမ်းမှုများအား နားလည်သဘောပေါက်စေရန်၊ သမဝါယမအသင်းအဆင့်ဆင့်တွင် ထားရှိရမည့် စာရင်းဇယားများနှင့် ၎င်းတို့၏ ဆောင်ရွက်ချက်များသည် ညွှန်ကြားထားသော သမဝါယမအသင်းဥပဒေ၊ နည်းဥပဒေများ၊ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ဆောင်ရွက်ထား ခြင်း ရှိ/မရှိ စစ်ဆေးတတ်စေရန်နှင့် ကြီးကြပ်ဆောင်ရွက်တတ်စေရန်၊ ခေတ်မီစီမံခန့်ခွဲမှု ဆိုင်ရာနည်းလမ်းများ နားလည်တတ်ကျွမ်းပြီး လုပ်ငန်းဆိုင်ရာစီမံခန့်ခွဲမှုစွမ်းရည် ပိုမိုမြင့်မားလာ နိုင်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ ယခုဖွင့်လှစ်တဲ့ ဌာနတွင်းသင်တန်းဟာဆိုရင် (၄၈)ကြိမ်မြောက် ဖွင့်လှစ်ခြင်းဖြစ်တယ်လို့လည်း သိရပြီး၊ ဌာနတွင်း ဝန်ထမ်း(၁၇၂၉)ဦးကို စာရင်းရေး စာရင်းကိုင်ပညာသင်ကြားပို့ချပြီး ဖြစ်တယ်လို့ သိရကြောင်း၊ သင်ကြားပို့ချမယ့် ဘာသာရပ်များက သမဝါယမဝန်ထမ်းများ မဖြစ်မနေတတ်ကျွမ်းရမည့် စာရင်းရေးစာရင်းကိုင် ဘာသာ၊ သမဝါယမစာရင်းကိုင်ဘာသာနှင့် စာရင်းစစ်ဆေးခြင်း ဘာသာရပ်များကို အဓိက ပို့ချပေးမည်ဖြစ်ပြီး ဥပဒေအသိပညာကို သင်တန်းသားများ သိရှိနားလည်ရန် (၃)ချိန်ထည့်သွင်း ပို့ချပေးသွားမည်ဖြစ်ကြောင်း၊ သင်တန်းသား စားသောက်စရိတ်ကို သင်တန်းသားတစ်ဦးကို တစ်ရက်လျှင် ၁၅၀၀ ကျပ်နှုန်းဖြင့် တိုင်းဒေသကြီးဘတ်ဂျက်မှ ကျခံသုံးစွဲသွားမည်ဖြစ်၍ နိုင်ငံတော်မှထောက်ပံ့မှုကိုလည်းအလေးထားဆောင်ရွက်စေလိုကြောင်း၊ သမဝါယမဝန်ထမ်းများသည် သမဝါယမအသင်းများ၏ စာရင်းများကို စာရင်းစစ်ဆေးခြင်းဖြင့် သမဝါယမ လုပ်ငန်းများ အောင်မြင်အောင် ထိန်းကျောင်းတည့်မတ်ပေးရသူများဖြစ်၍ သင်တန်းကပို့ချ သင်ကြားသည့် ဘာသာရပ်များကို ကြိုးကြိုးစားစားနှင့် ကျွမ်းကျွမ်းကျင်ကျင်ဖြစ်အောင် သင်ယူလေ့လာမှတ်သာပြီး လက်တွေ့လုပ်ငန်းခွင်မှာ ပြန်လည်အသုံးချနိုင်အောင် သင်ယူကြဖို့ တိုက်တွန်းပြောကြားလိုကြောင်းနှင့် ဆရာ/ဆရာမများ အနေဖြင့်လည်း သင်တန်းသားများအပေါ် မိမိတို့၏ ပညာရပ်ဆိုင်ရာ အတွေ့အကြုံဗဟုသုတများကို ဝေငှပေးကာ၊ သမဝါယမစီးပွားရေး အတတ်ပညာအား ကျွမ်းကျင်ပိုင်နိုင်တဲ့ သင်တန်းသား/သူများ၊ ဌာနအကျိုးပြု ဝန်ထမ်းကောင်း များဖြစ်အောင် လေ့ကျင့်သင်ကြားပေးကြရန် ပြောကြားသည်။

ဆက်လက်၍ သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်း (မကွေး) ကျောင်းအုပ်ကြီးက သင်တန်းဆိုင်ရာကိစ္စရပ်များအား ရှင်းလင်းတင်ပြခဲ့ပြီး၊ သင်တန်း ဖွင့်လှစ်ပို့ချမှုကို စတင်ဆောင်ရွက်ခဲ့သည်။

အဆိုပါ အခြေခံစာရင်းကိုင်နှင့် စာရင်းစစ်သင်တန်းကို (၁၇-၃-၂၀၂၅)ရက်နေ့မှ (၃၁-၃-၂၀၂၅) ရက်နေ့ထိ ဖွင့်လှစ်မှာဖြစ်ပြီး၊ မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၁၇)မြို့နယ်ရှိ သမဝါယမဦးစီးဌာနအဆင့်ဆင့်မှ ဌာနခွဲစာရေး(၁၀)ဦး၊ အကြီးတန်းစာရေး(၁)ဦးနှင့် အငယ်တန်း စာရေး (၂၉)ဦး၊ စုစုပေါင်း(၄၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

မောင်ညီညာ

မကွေးတိုင်းဒေသကြီး

 


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်