နေပြည်တော် မတ် ၁၈
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများသည် ဇေယျာသီရိမြို့နယ်အတွင်း ရာဂီမုန်တိုင်းကြောင့် ပျက်စီးသွားသောလမ်းများအား တည်ဆောက်ပြီးစီးမှု အခြေအနေများကို ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးသည်။
ဇေယျာသီရိမြို့နယ်အတွင်း ရာဂီမုန်တိုင်းကြောင့် ပျက်စီးသွားသော ကျေးလက်လမ်းများအား ပြည်ထောင်စုအထွေထွေ ပိုလျှံရန်ပုံငွေ/ ပြင်ဆင်ထိန်းသိမ်းခြင်း ရန်ပုံငွေတို့ဖြင့် ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်) စီမံကိန်းစစ်ဆေးရေးနှင့်အရည်အသွေးထိန်းသိမ်းရေးဌာနခွဲ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးဝင်းမင်းလတ်နှင့်အဖွဲ့ ဦးဆောင်၍ တိုင်းဒေသကြီး၊ ခရိုင်အဆင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
ထွန်းလင်း(ဇေယျာမြေ)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်