ဇေယျာသီရိမြို့နယ် သာယာကုန်းကျေးရွာ၌ ရေရရှိရေးလုပ်ငန်းပြီးစီးမှု စစ်ဆေး
****************************************************************************
နေပြည်တော် မတ် ၁၉
ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဇေယျာသီရိခရိုင်၊ ဇေယျာသီရိမြို့နယ် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုရန်ပုံငွေဖြင့် သာယာကုန်းကျေးရွာအုပ်စု၊ သာယာကုန်းကျေးရွာ၌ ရေရရှိရေးလုပ်ငန်း ပြီးစီးမှုအခြေအနေများကို မတ် ၁၈ရက် နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဇေယျာသီရိမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးဇော်နှင့် အင်ဂျင်နီယာဝန်ထမ်းများက ကျေးရွာရေရရှိရေး ကော်မတီဝင်များနှင့်အတူ သာယာကုန်းကျေးရွာ၌ ရေရရှိရေးလုပ်ငန်း ပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ရပ်မိရပ်ဖများ၊ ကျေးရွာရေရရှိရေး ကော်မတီဝင်များနှင့် တွေ့ဆုံကာ ဆောင်ရွက်ပြီးလုပ်ငန်းအား ရေရှည်အသုံးပြုနိုင်ရေး ဝိုင်းဝန်း ထိန်းသိမ်းသွားကြရန် မှာကြားသည်။
သာယာကုန်းကျေးရွာ၌ အကျယ် လေးလက်မ၊ အနက်ပေ ၅၀၀ ရှိ စက်ရေတွင်းတူးဖော်ခြင်း၊ အလျား ငါးပေ၊ အနံငါးပေ၊ အမြင့် ခုနှစ်ပေရှိ ရေစက်ရုံတည်ဆောက်ခြင်း၊ ဂါလံ ၂၄၀၀ ဆံ့ စင်မြင့် ရေစင်တည်ဆောက်ခြင်းနှင့် အရှည်ပေ ၁၂၀ရှိ ခြံစည်းရိုးကာရံခြင်းလုပ်ငန်းများကို ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ပြည်ထောင်စုရန်ပုံငွေကျပ် ၃၄ ဒသမ ၀၃သန်းဖြင့် Y2T ကုမ္ပဏီမှ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၆ရက်က စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
နော်လူး
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်