Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျောက်ဆည်မြို့နယ်တွင် နွေစပါးစိုက်တောင်သူ သမဝါယမအသင်းသားများအား သွင်းအားစုပံ့ပိုးပစ္စည်းများ ပေးအပ်


17 Mar,2025

ကျောက်ဆည် မတ် ၁၅

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌ နွေစပါးစိုက် တောင်သူအသင်းသားများ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး အတွက် နိုင်ငံ့စီးပွားရန်ပုံငွေများ ထောက်ပံ့ပေးအပ်လျက်ရှိရာ ပတ္တာကျေးရွာ ကွင်းအမှတ်(၂၀၉-က) နွေစပါးစိုက်တောင်သူ ဦးမြင့်အေး၏ နွေစပါးစိုက်ကွင်းတွင် သွင်းအားစုပံ့ပိုးပစ္စည်းများ ပေးအပ်ပွဲ ကျင်းပပြုလုပ်ခဲ့သည်။

ထောက်ပံ့ပေးအပ်ပွဲတွင် မန္တလေးတိုင်းဒေသကြီး သမဝါယမဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးအောင်ဝင်းက အသင်းသားများပံ့ပိုးငွေရရှိရေး၊ သွင်းအားစုပစ္စည်းများ အချိန်မီရရှိနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ နွေစပါး (၁)ဧကလျှင် ငွေကျပ် (၂)သိန်းကျပ် နှင့်ညီမျှသော သွင်းအားစုများ တောင်သူများလက်ဝယ်အရောက် အချိန်မီ ဆောင်ရွက်လျက်ရှိပါကြောင်း၊ စပါးသီးနှံများ ကာလလွန် ရိတ်သိမ်းခြင်းကြောင့် လေလွင့် ဆုံးရှုံးမှု မရှိစေရေး စပါးရိတ်သိမ်းခြွေလှေ့စက် ဝယ်ယူပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး ပတ္တာစိုက်ပျိုးရေးနှင့်အထွေထွေလုပ်ငန်းသမဝါယမအသင်းမှ အသင်းသားတောင်သူ (၃၁)ဦးနှင့် စံပြစိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်းမှ အသင်းသားတောင်သူ (၄၄)ဦးတို့အား ငွေကျပ် (၆၆၈)သိန်းတန်ဖိုးရှိ သွင်းအားစုပစ္စည်းများပေးအပ်ခဲ့ကြောင်းနှင့် နွေစပါးများအထွက်တိုးပွား ရေး၊ ဈေးနှုန်းသင့်တင့်ပြီး အရည်အသွေးပြည့်ဝသည့် ဇာမဏီကုမ္ပဏီမှထုတ်လုပ်သော ကွန်ပေါင်း ဓာတ်မြေဩဇာများအကြောင်း မိတ်ဆက်ရှင်းလင်းခဲ့သည်။

ကျောက်ဆည်မြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် နွေစပါးများကို အရှေ့ရွာနန်း စံပြစိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်း၊ တောင်ပလူစိုက်ပျိုးရေးနှင့်အထွေထွေလုပ်ငန်း သမဝါယမအသင်း၊ ပင်တလည်စိုက်ပျိုးရေးနှင့်အထွေထွေလုပ်ငန်းသမဝါယမအသင်း၊ အင်ဒိုင်း စိုက်ပျိုးရေးနှင့်ထုတ်လုပ်ရေးလုပ်ငန်းသမဝါယမအသင်း၊ပတ္တာစိုက်ပျိုးရေးနှင့်အထွေထွေလုပ်ငန်း သမဝါယမအသင်းများမှ အသင်းသားတောင်သူ (၁၉၃)ဦး၏ လယ်ယာမြေများတွင်  နွေစပါး (၈၃၀)ဧက စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်သမဝါယမဦးစီးဌာနမှ သိရသည်။

သက်မောင်(ကျောက်ဆည်)

မန္တလေးတိုင်းဒေသကြီး


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်