Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

တောင်တွင်းကြီးမြို့နယ်၌ သမဝါယမလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းဆောင်ရွက်


17 Mar,2025

တောင်တွင်းကြီး မတ် ၁၇

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်၌ သမဝါယမလုပ်ငန်း များဖွံ့ဖြိုးတိုးတက်ရေးအတွက် သမဝါယမဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူးနှင့် တာဝန်ရှိ သူများက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် ပြည်ဖြိုးအောင်ရောင်းဝယ်ရေးသမဝါယမအသင်းသားများ မှဆောင်ရွက်သည့် အသေးစား၊ အငယ်စား၊ အလတ်စား MSME လုပ်ငန်းများဖြစ်သည့် ပဲကြော်၊ ပဲလှော်လုပ်ငန်းများဆောင်ရွက်နေမှုလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှု့ စစ်ဆေးခဲ့ သည်။ ထို့နောက် တောင်တွင်းကြီးမြို့နယ် သမဝါယမဦးစီးဌာနမှဝန်ထမ်းများနှင့် တွေ့ဆုံကာ မြို့နယ်အတွင်း သမဝါယမဖွံဖြိုးတိုးတက်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် မိမိတို့ တာဝန်ယူ ဆောင်ရွက်လျက်ရှိသည့် နယ်ပယ်အလိုက်လုပ်ငန်းကျွမ်းကျင်မှုရှိစေရေး၊ သမဝါယမဖွံဖြိုး တိုးတက်ရေးလုပ်ငန်းများနှင့်ပတ်သတ်၍ စဉ်ဆက်မပျက်လေ့လာဆည်းပူးသင်ယူနိုင်ရေး၊ အသင်းများဖွံ့ဖြိုးတိုးတက်ရေးအတွက်လိုအပ်ချက်များဖြည့်ဆည်း ဆောင်ရွက်ပေးရေး စသည့်တိုကို ဆွေးနွေးပြောကြားခဲ့ပြီး သမဝါယမဦးစီးဌာနမှဝန်ထမ်းများ၏ ဆွေးနွေး တင်ပြချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

နောင်နောင် (ဗိဿနိုးမြေ)

မကွေးတိုင်းဒေသကြီး


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်