Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မြောင်းမြခရိုင်အတွင်း ကျေးလက်လမ်း၊ တံတားများ အကောင်အထည်ဖော်ဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး


18 Mar,2025

မြောင်းမြ မတ် ၁၆

                  ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့၌ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)မှ တာဝန်ရှိသူများက ကျေးလက်လမ်း၊တံတားများ အကောင်အထည်ဖော် ဆောင်ရွက်နေမှုကို ယမန်နေ့က ကွင်းဆင်းစစ်ဆေးသည်။

                  ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန (ရုံးချုပ်)မှ အင်ဂျင်နီယာချုပ်(မြို့ပြ) ဦးကျော်ကျော်ထွေးနှင့်တာဝန်ရှိသူများက မြောင်းမြမြို့နယ်၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် တိုင်းဒေသကြီးငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် ပဆင်-မဒေါ့ပင်ကျေးရွာချင်းဆက် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း၊ ဝါးခယ်မမြို့နယ် ပဆင-ကြခက်ကုန်း-ကျောင်းစုကလလမ်းပေါ်ရှိ ကျေးရွာချင်းဆက် ကွန်ကရစ်တံတား ပေ ၆၀ တည်ဆောက်ခြင်း (ပထမပိုင်း)လုပ်ငန်းများကို ကွင်းဆင်းစစ်ဆေးရာ မြောင်းမြခရိုင်/ မြို့နယ်တာဝန်ခံအင်ဂျင်နီယာများ၊ လမ်းအရည်အသွေးထိန်းသိမ်းရေးအဖွဲ့မှ တာဝန်ရှိသူများက ရှင်းလင်းတင်ပြပြီး အင်ဂျင်နီယာချုပ်(မြို့ပြ)က လိုအပ်သည်များ မှာကြားခဲ့ကြောင်းသိရသည်။

ဇေယျာ(မြောင်းမြ)


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်