Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မွန်ပြည်နယ်နေ့အထိမ်းအမှတ် ချောင်းဆုံမြို့နယ်၌ ကတ္တရာလမ်းဖွင့်


18 Mar,2025

ချောင်းဆုံ မတ် ၁၅

           မွန်ပြည်နယ် ချောင်းဆုံမြို့နယ်၌ (၅၁)နှစ်မြောက် မွန်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအား သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ယမန်နေ့ နံနက် ၁၀ နာရီက ရွာလွတ်-ကတောင်စိန် တောင်ဖြတ်လမ်း  (စိန်မြတောင်အပိုင်း) ကတ္တရာလမ်းဖွင့်ပွဲ အခမ်းအနားကို ကျင်းပသည်။

          ဦးစွာ မွန်တိုင်းရင်းသူများက မွန်ရိုးရာအကဖြင့် ဧည့်ခံဖျော်ဖြေခဲ့ကြပြီး မွန်ပြည်နယ်ဝန်ကြီးချုပ်က ရွာလွတ်-ကတောင်စိန် တောင်ဖြတ်လမ်း (စိန်မြတောင် အပိုင်း) ကတ္တရာလမ်းကို အသုံးပြု၍ မော်လမြိုင်မြို့သို့ ရွာလွတ်ကျေးရွာအပါအဝင် ကျေးရွာပေါင်း ၁၉ ရွာ၊ အိမ်ခြေပေါင်း ၈၆၃၀ တို့မှ ဒေသခံများ၏ သွားလာမှုလွယ်ကူစေရန်အတွက် မြေသားလမ်းမှ ကတ္တရာလမ်းအဖြစ် ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း ထည့်သွင်းပြောကြားသည်။

           ဆက်လက်၍ ပြည်နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ)မှ လမ်းဆိုင်ရာအချက်အလက်များ ရှင်းလင်းပြောကြားသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကတ္တရာလမ်းကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး လမ်းပေါ်သို့ ဖြတ်သန်း ကြည့်ရှုစစ်ဆေးကြသည်။

ကိုကျော်(ချောင်းဆုံ)


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်