Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျောက်တံခါးမြို့နယ် ဖြူးစုကျေးရွာ၌ မြစိမ်းရောင်အတိုးရငွေဖြင့် ကျေးရွာတွင်း မီးကြိုးသွယ်တန်းခြင်း နှင့် ဆိုလာရေသန့်စင်စနစ်တပ်ဆင်ခြင်း လုပ်ငန်းပြီးစီးမှု စစ်ဆေး


18 Mar,2025

ကျောက်တံခါး၊ မတ်  ၁၈

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် မြစိမ်းရောင်အတိုးရငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် ဖြူးစုကျေးရွာအုပ်စု၊ ဖြူးစုကျေးရွာ၌ ကျေးရွာတွင်းမီးကြိုးသွယ်တန်းခြင်းနှင့် ဆိုလာရေသန့်စင်စနစ် တပ်ဆင်ခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း  သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကျောက်တံခါးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဉီးစီးဌာန မြို့နယ်ဦးစီးမှုး ဒေါ်ပိုးအိဖြူကိုနှင့် တာဝန်ခံအင်ဂျင်နီယာများက ကျေးရွာကော်မတီဝင်များနှင့်အတူ ကျီးအင်းကျေးရွာ၌ မြစိမ်းရောင်အတိုးရငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် ကျေးရွာတွင်း ကျေးရွာတွင်းမီးကြိုးသွယ်တန်းခြင်းနှင့် ရေသန့်စင်စနစ်တပ်ဆင်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေ အနေများ ကိုကြည့်ရှုစစ်ဆေးပြီး မီးကြိုးများ ရေရှည်တည်တံ့စေရေးဝိုင်းဝန်း ထိန်းသိမ်းဆောင်ရွက်သွား ကြရန်နှင့် ဆိုလာရေပေးရေးလုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းနှင့် ကိုက်ညီ စေရန်အကြံပြု ဆွေးနွေးမှာ ကြားခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြူးစုကျေးရွာ ကျေးရွာတွင်းမီးကြိုးသွယ်တန်းခြင်း ၄၀၀ ဗို့ဓါတ်အား ပေ ၄၈၇၀ သွယ်တန်းခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ တစ်နာရီလျှင် ရေဂါလန် ၂၀၀ ကျော်ထွက်ရှိသည့် ဆိုလာရေသန့် စင်စနစ်တပ်ဆင်ခြင်းလုပ်ငန်းကို ယခုနှစ် ဇန်နဝါရီလ တတိယအပတ်မှ လုပ်ငန်းများစတင်၍  ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဉီးစီးဌာန မြစိမ်းရောင်ကျေးရွာစီမံကိန်းအတိုးရငွေ (၁၄.၄)သန်းဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၏ နည်းပညာပံ့ပိုးမှု၊ အနီးကပ် ကြီးကြပ်မှုဖြင့် ကျေးရွာသူ၊ ကျေးရွာသားများ ကိုယ်တိုင်အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ ရာနှုန်းပြည့်ပြီး စီးပြီဖြစ်ကြောင်း သိရသည်။   


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်