Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဘားအံမြို့နယ် သာလွန်ကွင်းကျေးရွာ၌ ကုန်ထုတ်လမ်းဂဝံမြေခင်းခြင်းလုပ်ငန်းပြီးစီးမှုစစ်ဆေး


11 Mar,2025

ဘားအံမြို့နယ် သာလွန်ကွင်းကျေးရွာ၌ ကုန်ထုတ်လမ်းဂဝံမြေခင်းခြင်းလုပ်ငန်းပြီးစီးမှုစစ်ဆေး

****************************************************************************

ဘားအံ   မတ်     ၁၁

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘားအံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ပြည်နယ်အစိုးရရန်ပုံငွေဖြင့် သာလွန်ကွင်းကျေးရွာ၌ ကုန်ထုတ်လမ်း ဂဝံမြေခင်းခြင်းလုပ်ငန်းပြီးစီးမှုအခြေအနေများကို မတ် ၁၀ရက် နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ကရင်ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး(နည်းပညာ) ဒေါ်ခင်ဇာဝင့်၊ ဘားအံခရိုင် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ(နည်းပညာ) ဒေါ်နန်းအဲဖောင်အွာ၊ ဘားအံမြို့နယ် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တာဝန်ရှိသူများက ကုမ္ပဏီမှတာဝန်ရှိသူများ၊ ကျေးရွာလမ်း ဖြစ်မြောက်ရေး ကော်မတီဝင်များနှင့်အတူ သာလွန်ကွင်းကျေးရွာ၌ အရှည် တစ်မိုင်၊ အကျယ် ၁၂ပေ၊ အမြင့် သုံးပေကိုးလက်မရှိ ကုန်ထုတ်လမ်းဂဝံမြေခင်းခြင်းလုပ်ငန်း ပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး  ဒုတိယညွှန်ကြားရေးမှူး(နည်းပညာ) ဒေါ်ခင်ဇာဝင့်က ဆောင်ရွက်ပြီးလုပ်ငန်းအား ရေရှည်တည်တံ့အောင် ပျက်စီးမှုမရှိအောင် ဝိုင်းဝန်းထိန်းသိမ်းကြရန် မှာကြားခဲ့သည်။

အဆိုပါ ကုန်ထုတ်လမ်းဂဝံမြေခင်းခြင်းလုပ်ငန်းကို ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ပြည်နယ်အစိုးရရန်ပုံငွေကျပ် ၁၁၆  ဒသမ ၃၆သန်းဖြင့် တင်ဒါအောင်မြင်သည့် Perfect Mother ကုမ္ပဏီမှ ၂၀၂၄ခုနှစ် ဇွန်လ ဒုတိယပတ်က စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

 

ဆက်လူ


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်