Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

Leadership Soft Skill and Project Cycle Management သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပခြင်း


11 Mar,2025

ရန်ကုန်၊ မတ် ၁၀

          အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် Finn Civil Aid(FCA) အဖွဲ့တို့ပူးပေါင်း၍ ဖွင့်လှစ်သော Leadership Skill and Project Cycle Management သင်တန်းဖွင့်ပွဲအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန အစည်းအဝေးခန်းမတွင် (၁၀.၃.၂၀၂၅)ရက်နေ့ နံနက်(၉း၃၀) အချိန်တွင် ကျင်းပခဲ့ပါသည်။

          အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားတွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီး ဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်(စီမံ)က အဖွင့်အမှာစကားပြောကြားခဲ့ရာ ခေါင်းဆောင်တိုင်း Leadership Skill ကျွမ်းကျင်လိုအပ်ကြောင်း၊ ဌာနတစ်ခု ဖွံ့ဖြိုးတိုးတက်‌ရန်အတွက် ခေါင်းဆောင်ကောင်းများ ပေါ်ထွန်း လာ‌စေရန်၊ ခေါင်းဆောင်များအတွက် မရှိမဖြစ်လိုအပ်သော ခေါင်းဆောင်မှုစွမ်းရည် မြှင့်တင်ရန် လိုအပ်သည့် Project Cycle Management နှင့် ဌာနတစ်ခုဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည့် နိုင်ငံတကာ အထောက်အပံ့များ ရရှိစေရန် အောင်မြင်ထိရောက်မှုရှိသည့် Project Proposal တစ်စောင်ရေးသားနည်း၊ ခေါင်းဆောင်များတွင် ရှိသင့်သည့် Soft Skills များကို သင်ကြားပေးသွားမည်ဖြစ်၍ ကြိုးစားလေ့လာ သင်ယူကြရန် မှာကြားခဲ့ပါသည်။

           သင်တန်းကို   အသေးစားစက်မှုလုပ်ငန်းဦးစီးဌာနရုံးချုပ်၊ ကရင်ပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီး ဌာန၊ မွန်ပြည်နယ် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးအသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနနှင့် ဧရာဝတီတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနတို့မှ အရာထမ်း(၃၀)ဦးတို့ တက်ရောက်ကြပြီး (၁၀.၃.၂၀၂၅)ရက်နေ့မှ (၁၁.၃.၂၀၂၅) ရက်နေ့ထိ ဖွင့်လှစ် သင်ကြားသွားမည်ဖြစ်ပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်