Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဘားအံမြို့နယ် ဖအွံကျေးရွာ၌ ကုန်ထုတ်လမ်းဖောက်လုပ်ပြီးစီးမှုကွင်းဆင်းစစ်ဆေး


17 Mar,2025

ဘားအံမြို့နယ် ဖအွံကျေးရွာ၌ ကုန်ထုတ်လမ်းဖောက်လုပ်ပြီးစီးမှုကွင်းဆင်းစစ်ဆေး

 ဘားအံ မတ် ၁၇

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဒေသထုတ်ကုန်များ ဈေးကွက်သို့ လွယ်ကူချောမွေ့စွာ သယ်ယူပို့ဆောင်နိုင်စေရန် ရည်ရွယ်၍ ဖအွံကျေးရွာ၌ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို မတ်လ ၁၆ ရက်နေ့နံနက်ပိုင်းက ဒုတိယညွှန်ကြားရေးမှူး (နည်းပညာ)ဒေါ်ခင်ဇာဝင့်နှင့် တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကရင်ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး(နည်းပညာ) ဒေါ်ခင်ဇာဝင့်နှင့် ခရိုင်/မြို့နယ်မှတာဝန်ရှိသူများက ကုန်ထုတ်လမ်း ဖြစ်မြောက်ရေး ကော်မတီဝင်များနှင့်အတူ ကုန်ထုတ်လမ်း ဖောက်လုပ်နေမှုအခြေအနေ များကို ကြည့်ရှု့စစ်ဆေးပြီး ဒုတိယညွှန်ကြားရေးမှူး(နည်းပညာ)က ကုန်ထုတ်လမ်းအား ရေရှည်တည်တံ့ခိုင်မြဲအောင် ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ကြရန် ကျေးရွာမှ တာဝန်ရှိသူများအားမှာကြားသည်။

ဖအွံကျေးရွာတွင်ကျေးလက်ကုန်ထုတ်လမ်းသည် အရှည် ၁မိုင်၊  အကျယ် ၁၂ ပေ၊ ထု ၃ ပေ ၉ လက်မ မြေ+ဂဝံလမ်း ဖြစ်ပြီး အဆိုပါ လမ်းပေါ်တွင် Box Culvert  (၂)စင်းပါဝင်ကာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေကျပ် ၁၄၀ ဒသမ ၈ သန်းဖြင့် ငွေစင်ဆန်းသစ်ကုမ္ပဏီမှ ၂၀၂၄ ခုနှစ် ဇွန်လ ဒုတိယအပတ်က စတင်တာဝန်ယူ ဖောက်လုပ်ခဲ့ရာ လက်ရှိတွင် လုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးနေပြီဖြစ်သဖြင့် အဆိုပါ ကုန်ထုတ်လမ်း ပေါ်ရှိ လယ်ဧက ၃၀၀ ကျော်မှ ထွက်ရှိလာမည့် ဒေသထွက်ကုန်များကို ဈေးကွက်သို့ လွယ်ကူချောမွေ့စွာ သွယ်ယူပို့ဆောင်နိုင်တော့မည်ဖြစ်ကြောင်း ကရင်ပြည်နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြား ရေးမှူး (နည်းပညာ) ဒေါ်ခင်ဇာဝင့်ထံကသိရသည်။ 


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်