Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲမှသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးဆီသို့ (၆) (ဆုရလုပ်ငန်းရှင်များအား ဂုဏ်ပြုခြင်း)


15 Mar,2025

မြင့်စိုး(နတလ)

စိစစ်အကဲဖြတ်ရွေးချယ်ရေးဒိုင်အဖွဲ့များ ဖွဲ့စည်းဆောင်ရွက်

          ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့်ပြိုင်ပွဲကြီးကို နေပြည်တော် တပေါင်းကွင်း ၌ ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှ ၁၆ ရက်နေ့ထိ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ ဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီ၊ လုပ်ငန်းဆပ် ကော်မတီများ ဖွဲ့စည်းဆောင်ရွက်ခဲ့ကြပါသည်။ လုပ်ငန်းဆပ်ကော်မတီ (၁၁) ခုထဲတွင် ပြိုင်ပွဲ ကျင်းပရေး၊ ဆုရွေးချယ်ရေးနှင့် ဆုချီးမြှင့်ရေးဆပ်ကော်မတီလည်း တစ်ခုအပါအဝင် ဖြစ်ပါ သည်။ ပြိုင်ပွဲအမျိုးအစား (၆) မျိုး သတ်မှတ်ထားပြီး ပြိုင်ပွဲအလိုက် ပြည်နယ်နှင့် တိုင်း ဒေသကြီး MSME အေဂျင်စီများမှ ဇကာတင်ရွေးချယ်ပေးခဲ့သော လုပ်ငန်းရှင်များကို နေပြည်တော်တွင် ဖေဖော်ဝါရီလ ၇ ရက်နေ့မှ ၉ ရက်နေ့ထိ ဒိုင်အဖွဲ့များက တွေ့ဆုံစိစစ် အကဲဖြတ် အမှတ်ပေး ရွေးချယ်ခဲ့ကြပါသည်။ အကဲဖြတ်ဒိုင်ချုပ်အဖွဲ့ကို စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူ၍ အဖွဲ့ဝင် ၅ ဦးဖြင့်လည်းကောင်း၊ အသေးစား(Micro) စီးပွားရေးလုပ်ငန်းထုတ်ကုန်ဆုအတွက် အကဲဖြတ်ဒိုင်အဖွဲ့ကို သမဝါယမ နှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါ်ငြိမ်းအေးက ဥက္ကဋ္ဌအဖြစ် တာဝန်ယူ၍ အဖွဲ့ဝင် ၉ ဦးဖြင့်လည်း ကောင်း၊ အငယ်စား (Small) စီးပွားရေးလုပ်ငန်းထုတ်ကုန်ဆုအတွက် အကဲဖြတ်ဒိုင်အဖွဲ့ကို စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းဆွေက ဥက္ကဋ္ဌအဖြစ် တာဝန်ယူ၍ အဖွဲ့ဝင် ၁၀ ဦးဖြင့်လည်းကောင်း၊ အလတ်စား (Medium) စီးပွားရေးလုပ်ငန်း ထုတ်ကုန်ဆုအတွက် အကဲဖြတ်ဒိုင်အဖွဲ့ကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မိုးမိုးသွယ်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူ၍ အဖွဲ့ဝင် ၁၀ ဦးဖြင့်လည်းကောင်း၊ အသေးစား စက်မှုလက်မှုလုပ်ငန်းများ ထုတ်ကုန်ဆုအတွက် အကဲဖြတ်ဒိုင်အဖွဲ့ကို သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးကျော်ဇင်လတ်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူ၍ အဖွဲ့ဝင် ၉ ဦးဖြင့်လည်းကောင်း၊ ကုန်ထုတ်သမဝါယမအသင်းစွမ်းဆောင်ရည် အကောင်းဆုံးဆုများအတွက် အကဲဖြတ်ဒိုင်အဖွဲ့ ကို သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူး ချုပ် ဦးအောင်သူရက ဥက္ကဋ္ဌအဖြစ်တာဝန်ယူ၍ အဖွဲ့ဝင် ၉ ဦးဖြင့်လည်းကောင်း၊ ဒေသတစ်ခု ထုတ်ကုန်တစ်ခု(OROP) ထုတ်ကုန်အကောင်းဆုံးဆုအတွက် အကဲဖြတ်ဒိုင်အဖွဲ့ကို သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဖြူဖြူဝင်းက ဥက္ကဋ္ဌအဖြစ်တာဝန်ယူ၍ အဖွဲ့ဝင် ၁၀ ဦးဖြင့်လည်းကောင်း ဖွဲ့စည်း ဆောင်ရွက်ခဲ့ကြသည်။ ဒိုင်အဖွဲ့ (၆) ဖွဲ့သည် စံသတ်မှတ်ချက် (Criteria) များနှင့်အညီ စိစစ် အကဲဖြတ်၍ အောက်ပါအတိုင်း ရွေးချယ်ခဲ့ကြပါသည်။

အသေးစား (Micro) စီးပွားရေးလုပ်ငန်းထုတ်ကုန်ဆု

          ပထမဆုကို မန္တလေးတိုင်းဒေသကြီးမှ ဒေါ်မေနှင်းဝေက Health & Happy ကုန်အမှတ် တံဆိပ်ဖြင့် Nutrition Food ထုတ်လုပ်မှုအတွက် ရရှိသွားပါသည်။ ဒုတိယဆုကို ဧရာဝတီ တိုင်းဒေသကြီးမှ ဒေါ်မာလာစန်းက M-Treasure ကုန်အမှတ်တံဆိပ်ဖြင့် ကွမ်းသီးဖက်ထုတ် ကုန် ထုတ်လုပ်မှုအတွက် ရရှိသွားပါသည်။ တတိယဆုကို ရန်ကုန်တိုင်းဒေသကြီးမှ ဒေါ်ဖြူဖြူဥ က “ဝိသာခါ” ကုန်အမှတ်တံဆိပ်ဖြင့် အမွှေးတိုင်နှင့် လူသုံးကုန်ပစ္စည်းအမျိုးမျိုး ထုတ်လုပ်မှု အတွက် ရရှိသွားပါသည်။

          အထူးဆု (၅) ဆုကို ဦးအောင်ဇင်မင်း၏ “A One Engineering Group တောင်သူ အကျိုးပြုလယ်ယာသုံး စက်ပစ္စည်းလုပ်ငန်း”၊ ဒေါ်အိဇင်ဦး၏ “အိလက်ရာ” စားသောက်ကုန် လုပ်ငန်း၊ ဒေါ်ရွှေရွှေမြင့်၏ ပူတာအိုဒေသထွက်ကုန်လုပ်ငန်း၊ ဒေါ်သီတာမြင့်ဝေ၏“မယ်သီတာ” စားသောက်ကုန်လုပ်ငန်းနှင့် ဦးဇော်မင်းနိုင်၏ “Good & Right” စပျစ်ဝိုင်၊ ဖန်ခါးဝိုင် လုပ်ငန်း တို့က အသီးသီးရရှိသွားကြပါသည်။

အငယ်စား (Small) စီးပွားရေးလုပ်ငန်းထုတ်ကုန်ဆု

          ပထမဆုကို စစ်ကိုင်းတိုင်းဒေသကြီးမှ ဦးပြည့်ဖြိုးလှိုင်က “သံစဉ်နေလ” ကုန်အမှတ် တံဆိပ်ဖြင့် ပျားရည်ထုတ်လုပ်မှုအတွက် ရရှိသွားပါသည်။ ဒုတိယဆုကို ရန်ကုန်တိုင်းဒေသကြီး မှ ဦးဇင်မျိုးထိုက်က “MG Myanmar Gasket” ကုန် အမှတ်တံဆိပ်ဖြင့် ကား၊ စက်၊ ဆိုင်ကယ်၊ ပိုက်ဆက် Gasket အမျိုးမျိုးထုတ်လုပ်မှုအတွက် ရရှိသွားပါသည်။ တတိယဆုကို မန္တလေး တိုင်းဒေသကြီးမှ ဦးလှိုင်မိုးက “HMG” ကုန်အမှတ်တံဆိပ်ဖြင့် မော်တော်ယာဉ်လေစစ်ဘူး ထုတ်လုပ်မှုအတွက် ရရှိသွားပါသည်။

          အထူးဆု (၅) ဆုကို ခွန်မျိုးညွန့်၏ “နောင်ခမ်း” ကော်ဖီလုပ်ငန်း၊ ဦးတက်တိုးဝေ၏ “ထူး” စက်မှုလက်မှုလုပ်ငန်း၊ ဒေါ်နီလာဝင်းကျော်၏ “ပြည့်လျှံ” သဘာဝမြေဩဇာလုပ်ငန်း၊ ဒေါ်မာလာချို၏ “Hturu” သဘာဝဆိုးဆေးနှင့် ချည်ထည်လုပ်ငန်းနှင့် ဒေါ်အိအိလှိုင်၏ “အိလေး” စားသောက်ကုန်လုပ်ငန်းတို့က အသီးသီးရရှိသွားကြပါသည်။

အလတ်စား (Medium) စီးပွားရေးလုပ်ငန်းထုတ်ကုန်ဆု

          ပထမဆုကို ရန်ကုန်တိုင်းဒေသကြီးမှ ဦးထူးဝေက သလ္လာဝတီ ကုန်အမှတ်တံဆိပ်ဖြင့် မြူထန်းရည်ဝိုင်ထုတ်လုပ်မှုအတွက် ရရှိသွားပါသည်။ ဒုတိယဆုကို နေပြည်တော်ကောင်စီ နယ်မြေမှ ဒေါ်လဲ့လဲ့ဦးက မြန်မာရွှေ ကုန်အမှတ်တံဆိပ်ဖြင့် သစ်သီးခြောက်မျိုးစုံနှင့် စည်သွပ် ဗူးများ ထုတ်လုပ်မှုအတွက် ရရှိသွားပါသည်။ တတိယဆုကို တနင်္သာရီတိုင်းဒေသကြီးမှ ဦးစိုးမိုးနိုင်က မြန်မာအတ္တလန်တစ် ကုန်အမှတ်တံဆိပ်ဖြင့် ပုလဲထုတ်လုပ်မှုအတွက် ရရှိသွား ပါသည်။

          အထူးဆု (၅) ဆုကို ဦးစိုးမိုးသူ၏ “အေးသာယာ” ဝိုင်လုပ်ငန်း၊ ဒေါ်သက်စုဌေး၏ “Jumjel” သဘာဝ ဇီးနှင့် မန်ကျည်းဖျော်ရည်လုပ်ငန်း၊ ဦးစိန်ဝင်း၏ စပါးနှံ တာယာအမျိုးမျိုး လုပ်ငန်း၊ ဦးဟိန်းထက်အောင်၏ ပဒုမ္မာ ဆန်စက်လုပ်ငန်းနှင့် ဦးသန်းထွန်းဝင်း၏ Agro Future Myanmar စိုက်ပျိုးရေး စက်ကိရိယာများ ထုတ်လုပ်မှုလုပ်ငန်းတို့က အသီးသီးရရှိသွား ကြပါသည်။

အသေးစားစက်မှုလက်မှုလုပ်ငန်း (စားသောက်ကုန်စံပြထုတ်ကုန်ဆု)

          မကွေးတိုင်းဒေသကြီးမှ ဒေါ်မိုးသူဇာက “ခါတော်ဦး” ကုန်အမှတ်တံဆိပ်ဖြင့် အသင့်စား လက်ဖက်နှင့် ပဲကြော်မျိုးစုံထုတ်လုပ်မှုအတွက် ရရှိသွားပါသည်။

          အထူးဆု (၃) ဆုကို ဒေါ်သက်မာညို၏ “Better Bee” မြန်မာ့အရည်အသွေးမြင့် ထုတ်ကုန် ပျားရည်နှင့် စားသောက်ကုန်လုပ်ငန်းကလည်းကောင်း၊ ဒေါ်လင်းလင်းခိုင်၏ “Because” ကော်ဖီလုပ်ငန်းကလည်းကောင်း၊ ဦးအောင်မင်းနိုင်၏ “မလိငပိ” ဒေသထွက် စားသောက်ကုန်လုပ်ငန်းကလည်းကောင်း အသီးသီးရရှိသွားကြပါသည်။

အသေးစားစက်မှုလက်မှုလုပ်ငန်း (လူသုံးကုန်စံပြထုတ်ကုန်ဆု)

          ရန်ကုန်တိုင်းဒေသကြီးမှ ဒေါ်ခင်ချမ်းမြေ့သူက “ချမ်း” ကုန်အမှတ်တံဆိပ်ဖြင့် ယူကလစ် ရှူဆေး/ လိမ်းဆေး ထုတ်လုပ်မှုအတွက် ရရှိသွားပါသည်။

          အထူးဆု (၃) ဆုကို ဦးဇော်မင်းဦး၏ “My Like” လူသုံးကုန်လုပ်ငန်းကလည်းကောင်း၊ ဒေါ်ယဉ်မူ၏ “ENE” လူသုံးကုန်လုပ်ငန်းကလည်းကောင်း၊ ဒေါ်ဆုပြည့်ပြည့်ထွန်း၏ “Su Signature” လူသုံးကုန်လုပ်ငန်းကလည်းကောင်း အသီးသီးရရှိသွားကြပါသည်။

အသေးစားစက်မှုလက်မှုလုပ်ငန်း (ရက်ကန်းထည်ထုတ်ကုန်စံပြဆု)

          မန္တလေးတိုင်းဒေသကြီးမှ ဒေါ်အေးအေးသန်းက “အင်ကြင်းချယ်” ကုန်အမှတ်တံဆိပ် ဖြင့် သဘာဝဆိုးဆေး လက်ရက်ကန်းထည်အမျိုးမျိုး ထုတ်လုပ်မှုအတွက် ရရှိသွားပါသည်။

          အထူးဆု (၃) ဆုကို ဒေါ်စုစုရီ၏ “ငွေစန္ဒာ” လက်ရက်ကန်းလုပ်ငန်းကလည်းကောင်း၊ ဦးကျော်မင်းဦး၏ “ကျော်” ရက်ကန်းလုပ်ငန်းကလည်းကောင်း၊ ဦးစည်သူစိုး၏ “ဆွေသစ်” အင်းလေးရိုးရာရက်ကန်းလုပ်ငန်းကလည်းကောင်း အသီးသီးရရှိသွားကြပါသည်။

အသေးစားစက်မှုလက်မှုလုပ်ငန်း (လက်မှုထည်စံပြထုတ်ကုန်ဆု)

          ပြည်ထောင်စုနယ်မြေ နေပြည်တော်မှ ဒေါ်အိအိဝင်းက “နေပြည်တော်ပုံရိပ်သစ်” ကုန် အမှတ်တံဆိပ်ဖြင့် သစ်ထွင်းပန်းချီထုတ်လုပ်မှုအတွက် ရရှိသွားပါသည်။

          အထူးဆု (၃) ဆုကို ဦးအောင်ကျော်ဆန်း၏ “ပန်းကမ္ဘာ” မြန်မာ့ပန်းပွတ်လုပ်ငန်းက လည်းကောင်း၊ ဒေါ်ခင်မိုးဖြူ၏ “ချမ်းမြေ့မေတ္တာ” ကျောက်မျက်ရတနာ အလှဆင်ပစ္စည်းနှင့် ရွှေပန်းတိမ်လုပ်ငန်းကလည်းကောင်း၊ ဒေါ်ခင်မေကြီး၏ “ခင်ချောင်းသာ” ခရု၊ ကနုကမာ လုပ်ငန်းကလည်းကောင်း အသီးသီးရရှိသွားကြပါသည်။

ကုန်ထုတ်သမဝါယမအသင်းစွမ်းဆောင်ရည်ဆု

          ပထမဆုကို မန္တလေးတိုင်းဒေသကြီးမှ ညောင်ဦးမြို့နယ် သမဝါယမအသင်းစုက “အနော်ရထာ” ကုန်အမှတ်တံဆိပ်ဖြင့် မြေပဲဆီ ထုတ်လုပ်မှုအတွက် ရရှိသွားပါသည်။ ဒုတိယ ဆုကို ရန်ကုန်တိုင်းဒေသကြီးမှ သီရိစန္ဒာအထည်ချုပ်နှင့် အထွေထွေရောင်းဝယ်ရေးသမဝါယမ အသင်းက အထည်ချုပ်လုပ်မှုအတွက် ရရှိသွားပါသည်။ တတိယဆုကို နေပြည်တော်မှ သားတင်ဦး အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းက မြေပဲဆီ၊ နေကြာဆီ ထုတ်လုပ်မှုအတွက် ရရှိသွားပါသည်။

          အထူးဆု (၅) ဆုကို အောင်ကောင်းမြတ် လယ်ယာကုန်ထုတ်နှင့် အထွေထွေစီးပွားရေး လုပ်ငန်း သမဝါယမအသင်း၏ နှမ်းရိုးအခြေခံ သဘာဝမြေဩဇာ ထုတ်လုပ်ခြင်းလုပ်ငန်း၊ ရွှေမြန်မာ လက်မှုထည်ပစ္စည်းရောင်းဝယ်ရေးနှင့် အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမ အသင်း၏ သစ်သားလက်မှုထည်ပစ္စည်းများ ထုတ်လုပ်ခြင်းလုပ်ငန်း၊ စိမ်းလဲ့မြေ အထွေထွေ စီးပွားရေးသမဝါယမအသင်း၏ မျှစ်ချည်ထုတ်လုပ်ငန်း၊ စမ်းဝတီမွေးမြူရေးနှင့် သဘာဝ မြေဩဇာထုတ်လုပ်ရေး သမဝါယမအသင်းလီမိတက်၏ နို့ထွက်ပစ္စည်းနှင့် သဘာဝမြေဩဇာ လုပ်ငန်းနှင့်င ရွှေသီဟ စက်မှုကုန်ထုတ်သမဝါယမအသင်း၏ ဆီစစ်ခုံ၊ ပေါင်းစပါး အခြောက် ခံစက်၊ မီးအစားထိုးအသုံးပြုပစ္စည်းများ ထုတ်လုပ်ခြင်းလုပ်ငန်းတို့က အသီးသီးရရှိသွားကြ ပါသည်။

ဒေသတစ်ခုထုတ်ကုန်တစ်ခု (OROP) ထုတ်ကုန်အကောင်းဆုံးဆု

          ပြည်ထောင်စုနယ်မြေ နေပြည်တော်မှ ဒေါ်နန်းခင်အုန်းက Na Rain Dara Co.ltd ကုန် အမှတ်တံဆိပ်ဖြင့် စိန်ဖူး(နိုင်ငံတကာစံချိန်မီ အဆင့်မြင့်သဘာဝမျှစ်ခြောက်) ထုတ်လုပ်မှုအ တွက်လည်းကောင်း၊ ကချင်ပြည်နယ်မှ ဒေါ်ထုံဖူးနင်ဌေးက “ကဆန်ထီ” စားသောက်ကုန် လုပ်ငန်း ကုန်အမှတ်တံဆိပ်ဖြင့် သစ်ကြားသီးထုတ်လုပ်မှုအတွက်လည်းကောင်း၊ ကယားပြည် နယ်မှ ဒေါ်သန်းသန်းနုက Treasure Corn Company Limited ကုန်အမှတ်တံဆိပ်ဖြင့် အစေ့ ထုတ်ပြောင်း ထုတ်လုပ်မှုအတွက်လည်းကောင်း၊ ကရင်ပြည်နယ်မှ ဦးအောင်ဇော်ထက်က “အောင်ဆန်းငွေလာ” ဆန်စက်လုပ်ငန်း ကုန်အမှတ်တံဆိပ်ဖြင့် ဖန်သီးသုခဆန်ရှယ် ထုတ်လုပ် မှုအတွက်လည်းကောင်း၊ ချင်းပြည်နယ်မှ ဒေါ်နှင်းမို့မို့အောင်က ချင်းရိုးရာလက်ရက်ကန်း လုပ်ငန်း ကုန်အမှတ်တံဆိပ်ဖြင့် ချင်းရိုးရာအဝတ်အထည် ထုတ်လုပ်မှုအတွက်လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးမှ ဦးထွန်းထွန်းက “ထွန်းထွန်း”ငွေထည်ကြေးထည် ကုန်အမှတ် တံဆိပ်ဖြင့် ငွေထည်ကြေးထည်ပစ္စည်းမျိုးစုံ ထုတ်လုပ်မှုအတွက်လည်းကောင်း၊ တနင်္သာရီ တိုင်းဒေသကြီးမှ ဒေါက်တာအောင်လွင်က “ပြည့်ဖြိုးထွန်း” အင်တာနေရှင်နယ်လီမိတက် ကုန်အမှတ်တံဆိပ်ဖြင့် ရေထွက်ကုန် ထုတ်လုပ်မှုအတွက်လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးမှ ဒေါ်သီရိရတနာလှိုင်က “ရိုးရာမောင်” ချည်ထည်လုပ်ငန်း ကုန်အမှတ်တံဆိပ်ဖြင့် အင်းမ ကြူမဟာပုဆိုး၊ ရွှေကောင်စည်းပွင့်၊ ရိုးရာ လုံချည်၊ မြန်မာ့ရိုးရာလက်ထည်များ၊ ပုဝါခြုံတ ဘက် ထုတ်လုပ်မှုအတွက်လည်းကောင်း၊ မကွေးတိုင်းဒေသကြီးမှ ဦးရဲလင်းအောင်က “စူပါမင်း” ဆီစက်လုပ်ငန်း ကုန်အမှတ်တံဆိပ်ဖြင့် မြေပဲဆီ၊ နှမ်းဆီ ထုတ်လုပ်မှုအတွက် လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးမှ ဦးပြည်ကျော်က “မေမြို့ဖရှက်(ရှ်)” ကော်ဖီလုပ်ငန်း ကုန်အမှတ်တံဆိပ်ဖြင့် ကော်ဖီ၊ လက်ဖက်ရည်ထုတ်ကုန်များ ထုတ်လုပ်မှုအတွက်လည်း ကောင်း၊ မွန်ပြည်နယ်မှ ဦးစောလွင်က “နုရော်ဘာ” အပြားကြိတ်လုပ်ငန်း ကုန်အမှတ်တံဆိပ် ဖြင့် ရော်ဘာပြားထုတ်လုပ်မှုအတွက်လည်းကောင်း၊ ရခိုင်ပြည်နယ်မှ ဒေါ်မအေးက “ရွှေကျား” ရက်ကန်းလုပ်ငန်း ကုန်အမှတ်တံဆိပ်ဖြင့် ရခိုင်ရိုးရာချိတ်အမျိုးမျိုး ထုတ်လုပ်မှုအတွက် လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးမှ ဦးမောင်မြင့်က Bright Light Co.ltd ကုန်အမှတ် တံဆိပ်ဖြင့် ပဲတီစိမ်းထုတ်လုပ်မှုအတွက်လည်းကောင်း၊ ရှမ်းပြည်နယ်မှ ဒေါ်သဲစုသဉ္ဇာဗိုလ်က “Shan Orchard” Myanmar Co.ltd ကုန်အမှတ်တံဆိပ်ဖြင့် ထောပတ်ဆီ ထုတ်လုပ်မှု အတွက်လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီးမှ ဒေါ်ဇာခြည်ဌေးက Global Earth Agro & Aqua Industry Public ကုန်အမှတ်တံဆိပ်ဖြင့် ငါးအသားလွှာ၊ ငါးအသားလုံး ထုတ်ကုန်များ ထုတ်လုပ်မှုအတွက်လည်းကောင်း ဆုများ အသီးသီး ရရှိသွားကြပါသည်။

ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်

          ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲ၏ ဆုချီးမြှင့်ခြင်း အခမ်းအနားကို ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ညနေပိုင်းတွင် နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီတော် တပေါင်းကွင်း၌ ကျင်းပပြုလုပ်ရာ အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်၍ ဆုများပေးအပ်ချီးမြှင့်သည်။

          အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ကာကွယ် ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီး နှင့် ပြည်နယ်များမှ MSME အေဂျင်စီဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၊ အသင်းအဖွဲ့များမှ တာဝန်ရှိသူများနှင့် ပြခန်းတာဝန်ခံများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဒေသခံပြည်သူများ စည်ကားသိုက်မြိုက်စွာ တက်ရောက်ကြသည်။

(ဆက်လက်ဖော်ပြပါမည်။)


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်