Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မြိတ်မြို့နယ် ကန်သာယာ-တောင်ကြီးလမ်း ကွန်ကရစ်ခင်းခြင်း ရာနှုန်းပြည့်ပြီးစီး


11 Mar,2025

မြိတ် မတ် ၁၀

               တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ် အင်္ဂမော်ကျေးရွာအုပ်စု ကန်သာယာရွာနှင့် တောင်ကြီးရွာကို ဆက်သွယ်ထားသည့်လမ်းကို ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ကွန်ကရစ်လမ်းခင်းခြင်း ဆောင်ရွက်ခဲ့ရာ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီ ဖြစ်သည်။

            ကန်သာယာ - တောင်ကြီး လမ်း (၁/၄) မိုင်ရှိသည့်အနက် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် တိုင်းဒေသကြီး ရန်ပုံငွေဖြင့် မူလကျောက်လမ်း ပျက်စီးနေသည့်အပိုင်း ၄ ဒသမ ၅ ဖာလုံ လမ်းအပိုင်းအား မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ကွန်ကရစ်လမ်း အကျယ် ၁၂ ပေ၊ ကွန်ကရစ်ထု ခုနစ်လက်မ လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ခြင်းဖြစ်သည်။ အဆိုပါ ကွန်ကရစ်လမ်း ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုကို ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ) ဦးစိုးပြည်မှူးနှင့် အဖွဲ့ဝင်များ မတ် ၇ ရက်က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ခိုင်ထူး(ပြန်/ဆက်)

 


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်