ဘားအံမြို့နယ် ကော့မရမ်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းများ စစ်ဆေး
**************************************************************************
ဘားအံ မတ် ၆
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘားအံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိပြီး မိသားစုဝင်ငွေတိုးပွားလာကာ ဆင်းရဲမှုနှုန်းလျော့ကျစေရန်ရည်ရွယ်၍ တော်ပုံကျေးရွာအုပ်စု၊ ကော့မရမ်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေများကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဘားအံခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဝင်းမာအေး၊ ဘားအံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တာဝန်ရှိသူများက မြစိမ်းရောင်ကျေးရွာစီမံကိန်း လုပ်ငန်းအဖွဲ့ဝင်များနှင့်အတူ ကော့မရမ်းကျေးရွာ၌ စီမံကိန်းရန်ပုံငွေဖြင့်လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ စီမံကိန်းလက်စွဲစာစောင်ပါ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ထားခြင်းရှိ/မရှိ၊ လအလိုက်ဖြည့်သွင်းရမည့် ငွေစာရင်းပုံစံများ ပြည့်စုံမှန်ကန်မှု ရှိ/မရှိ အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ဦးစီးအရာရှိ ဒေါ်ဝင်းမာအေးက လိုအပ်သည်များ ဆွေးနွေးမှာကြားခဲ့သည်။
ကော့မရမ်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်က အရင်းမပျောက်လည်ပတ်ရန်ပုံငွေကျပ်သိန်း ၃၀၀ ဖြင့် စတင်အကောင်အထည်ဖော်ဆောင်ရွက် ခဲ့ရာ ယခုအခါ စိုက်ပျိုးရေးလုပ်ကိုင်သူ ၂၃ဦးကို ငွေကျပ် ၂၀၅သိန်း၊ မွေးမြူရေးလုပ်ကိုင်သူ ၁၄ ဦးကို ငွေကျပ် ၁၄၇သိန်း၊ အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်သူတစ်ဦးကို ငွေကျပ် ရှစ်သိန်း၊ စုစုပေါင်းအသင်းသား၊ အသင်းသူ ၃၈ ဦးကို မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ် ရန်ပုံငွေကျပ်သိန်း ၃၆၀ ထိ ထုတ်ချေးပေးထားပြီး စီမံကိန်းလုပ်ငန်းများ အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း ဘားအံခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဝင်းမာအေးထံမှ သိရသည်။
ဆက်လူ
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်