မြစ်သား မတ် ၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ခုနှစ်၊ မိုးကြိုဝါ စိုက်ပျိုးခြင်းဖြင့် အသေးစား၊ အလတ်စားရက်ကန်းလုပ်ငန်းများတွင် ကုန်ကြမ်းရရှိစေရေးနှင့် အထွက်နှုန်းကောင်းမွန်ပြီးတစ်ဦးချင်း ဝင်ငွေတိုးပွားစေရန်ရည်ရွယ်၍ တိုင်းဒေသကြီးသမဝါယမ အသင်းစုချုပ်နှင့် မြို့နယ်သမဝါယမအသင်းပိုင်ငွေဖြင့် မြိုင်ကုန်းကျေးရွာရှိ မြိုင်ကုန်းလယ်ယာနှင့် အထွေထွေစီးပွားရေးလုပ်ငန်းသမဝါယမအသင်း အသင်းသားတောင်သူဒေါ်ငွေရီလေး ကွင်းအမှတ် ( ၅၃၄) က၊ ဦးပိုင်အမှတ်(၇၂/၁)ရှိ စိုက်ဧက(၇.၀၀)ဧကနှင့် ဦးဝင်းဘို ကွင်းအမှတ်(၅၃၄)/င ၊ ဦးပိုင် အမှတ်(၂၅/၃)ရှိ စိုက်ဧက(၁.၀၀)ဧကတို့တွင် Rakka-999 ခါးဇက်မျိုး မိုးကြိုဝါစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းနေမှုများကို ယမန်နေ့နံနက်ပိုင်းက ကြည့်ရှု့စစ်ဆေးခဲ့ကြောင်းသိရသည်။
ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် မန္တလေးတိုင်းဒေသကြီးသမဝါယမဦးစီးဌာနညွှန်ကြားရေးမှူး ဦးထွန်းဇော်ဦးက တောင်သူဦးကြီးများအား သီးနှံစိုက်ပျိုးထုတ်လုပ်ရာတွင် ခေတ်မှီစိုက်ပျိုးနည်းစနစ် များကို စိုက်ပျိုးရေးဦးစီးဌာနနှင့်ပူးပေါင်း၍ လေ့လာကျင့်သုံးစိုက်ပျိုးထုတ်လုပ်ရန် လိုအပ် ကြောင်း၊ ပန်းတိုင်အထွက်နှုန်းရရှိစေရေးအတွက် စိုက်ပျိုးမြေများကိုပြုပြင်ပြီး မျိုးကောင်းမျိုးသန့် များစိုက်ပျိုးပေးရန်လိုအပ်ကြောင်း၊ ရေရရှိရေးနှင့်နည်းပညာရယူနိုင်ရေးကို သက်ဆိုင်ရာဌာနများ နှင့်ချိတ်ဆက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ ပြီး ဝါစိုက်အသင်းသား တောင်သူများက သိရှိလိုသည်များကိုမေးမြန်းခဲ့ရာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ကြောင်းသိရသည်။ ဆက်လက်၍ မန္တလေးတိုင်းဒေသကြီးသမဝါယမဦးစီးဌာနမှ ညွှန်ကြား ရေးမှူး ဦးထွန်းဇော်ဦးနှင့်တာဝန်ရှိသူများသည် ရွှေကုန်းကျေးရွာရှိ ရွှေကုန်းစိုက်ပျိူရေးနှင့် အထွေ ထွေလုပ်ငန်းသမဝါယမအသင်း အသင်းသားတောင်သူဦးသန်းမြင့်၏ ကွင်းအမှတ် (၄၉၇)က၊ ဦးပိုင် အမှတ်(၁၂/၁၀)ရှိ နွေစပါးပျိုးခင်း (၀.၂၅) ဧကတွင် ဆင်းသုခမျိုးပျိုးထောင်ထားမှုများကို ကြည့်ရှု စစ်ဆေးခဲ့ ကြောင်းသိရသည်။
အဆိုပါကြည့်ရှုစစ်ဆေးရာသို့ မန္တလေးတိုင်းဒေသကြီးသမဝါယမဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးထွန်းဇော်ဦး၊ မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊ မြို့နယ်သမဝါယမ အသင်းစုမှ တာဝန်ရှိသူများနှင့် ဒေသခံအသင်းသားတောင်သူများ ကြည့်ရှုခဲ့ကြောင်း သိရသည်။
ဝါဝါမြင့် (မြစ်သား)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်