နေပြည်တော် ဧပြီလ (၂၀)ရက်
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ တိုင်းဒေသကြီး/ ပြည်နယ်များတွင် အသစ်ဖွင့်လှစ်ထားသည့် ခရိုင်းရုံး(၄၀)၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်မည့်လုပ်ငန်းများနှင့် စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ၂၀.၄.၂၀၂၂ ရက်နေ့ နံနက်(၁၀:၀၀) နာရီတွင် online စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ ပါသည်။
အဆိုပါအစည်းအဝေးသို့ ညွှန်ကြားရေးမှူးချုပ်၊ ရုံးချုပ်မှ ညွှန်ကြားရေးမှူးများ၊ ယွန်းပညာကောလိပ် နှင့် ဆောင်းဒါးရက်ကန်းနှင့်အသက်မွေးပညာသိပ္ပံတို့မှ ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီး/ ပြည်နယ် ဦးစီးမှူးများ၊ ခရိုင်မှူးများ တက်ရောက်ခဲ့ပါသည်။
အခမ်းအနားတွင် ခရိုင်မှူးများက ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် အကောင်အထည် ဖော်ဆောင်ရွက်မည့် လုပ်ငန်းများအခြေအနေများ၊ ခရိုင်ရုံးမြေနေရာရရှိရေး ဆောင်ရွက်နေမှုအခြေအနေများနှင့် ခရိုင်ရုံးများ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်မည့် လုပ်ငန်းအခြေအနေများအား power point ဖြင့် ရှင်းလင်းတင်ပြ ခဲ့ကြပါသည်။
ခရိုင်ဦးစီးမှူးများ၏တင်ပြမှုများအပေါ် ညွှန်ကြားရေးမှူးချုပ်က ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် များ ဖြည့်စွက်ဆွေးနွေးခဲ့ပြီး ခရိုင်ရုံးများ ဖွံ့ဖြိုးတိုးတက်ရေးသည် အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနမှ ဝန်ထမ်းများအပေါ်မှာသာ အဓိကတာဝန်ရှိသာ ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ် အချင်းချင်း၊ ခရိုင်အချင်းချင်း တစ်ဦးနှင့်တစ်ဦး ဖေးမ၍ ဝိုင်းဝန်းကူညီဆောင်ရွက်ကြဖို့ လိုအပ်ပါကြောင်း၊ အလုပ်ကို ကြိုးကြိုးစားစားလုပ်ပြီး မိမိရဲ့အလုပ်အပေါ်၊ မိမိ၏ အထက်လူကြီးများအပေါ်၊ မိမိ၏ ဝန်ထမ်းငယ်များအပေါ် သစ္စာရှိစွာ နေထိုင်ကြရန်နဲ့ ကျန်းမာရေး၊ လုံခြုံရေး အထူးသတိထား နေထိုင်ကြရန် မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။