နေပြည်တော်၊ ဖေဖော်ဝါရီ ၂၇
ကနဦးလေ့လာသုံးသပ်ရေးလုပ်ငန်းအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၅)ကို ယနေ့ မွန်းလွဲပိုင်းက သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန ရှိ အစည်းအဝေးခန်းမ၌ကျင်းပသည်။
အစည်းအဝေးသို့ ကနဦးလေ့လာသုံးသပ်ရေးလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ကနဦးလေ့လာသုံးသပ်ရေးလုပ်ငန်းအဖွဲ့ အဖွဲ့ဝင်များနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။
ဦးစွာ ကနဦးလေ့လာသုံးသပ်ရေးလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားရာ နိုင်ငံ တော် စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသော MSME လုပ်ငန်းများနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာဌာနများ၊ ဆက်စပ်ဌာနများအနေဖြင့် မိမိတို့၏ သက်ဆိုင်ရာ ကဏ္ဍအလိုက် ပူးပေါင်း ပါဝင် ဆောင်ရွက်ကြစေလိုပါကြောင်း၊ မိမိတို့ ကနဦးလေ့လာသုံးသပ်ရေးလုပ်ငန်းအဖွဲ့သည် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် အစီရင်ခံစာ (၅)စောင်ကို Work Plan ရေးဆွဲ၍ အစီအစဉ်အတိုင်း ပြုစု တင်ပြခဲ့ကြပြီး လာမည့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင်လည်း တင်ပြဆောင်ရွက်ကြမည့် အစီအစဉ် များကို ရေးဆွဲ၍ တင်ပြဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ အဖွဲ့ဝင်များ အနေဖြင့် မိမိတို့၏ သက်ဆိုင်ရာ ရုံးလုပ်ငန်းများအပြင် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဖွဲ့၏ လုပ်ငန်း တာဝန်များကိုလည်း တာဝန်ယူဆောင်ရွက်နေရပါကြောင်း၊ အစီရင်ခံစာများတင်ပြရာ၌ ဘာသာပြန် ရေးသားပြုစုရာတွင် အဓိပ္ပါယ်ကို ဆီလျော်အောင်ပြန်လည်ရေးသားရန် စာသားအထားအသို၊ အနေ အထားအဓိပ္ပါယ်ပြည့်စုံသည့် ဝါကျများဖြစ်ရန် လိုအပ်ပါကြောင်း နှင့် အစီရင်ခံစာ (မူကြမ်း)အား သေချာစိစစ်ပြီးမှသာ တင်ပြရမည်ဖြစ်ပါကြောင်း တိုက်တွန်းပြောကြားခဲ့ပါသည်။
ဆက်လက်၍ ကနဦးလေ့လာသုံးသပ်ရေးလုပ်ငန်းအဖွဲ့ အဖွဲ့ဝင်များက ဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် ရှေ့ဆက် ဆောင်ရွက်မည့် အခြေအနေများကို အကြုံပြုဆွေးနွေတင်ပြကြပြီး ကနဦးလေ့လာသုံးသပ်ရေး လုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးကာ နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်