နေပြည်တော်၊ ဖေဖော်ဝါရီ ၂၇
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန အနေဖြင့် မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အထူးရန်ပုံငွေ (၂၀၂၄)ဖြင့် အကောင်အထည် ဖော်ဆောင်ရွက်မည့် သီးနှံအခြေခံတန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာသင်တန်း အမှတ်စဉ် (၇) ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက အဆိုပါ ဦးစီးဌာနရှိ Incubation Centre ၌ ကျင်းပသည်။
အခမ်းအနားသို့ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်(နည်းပညာ)၊ ညွှန်ကြားရေးမှူးများ၊ သက်ဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်း နည်းပြများ နှင့် သင်တန်းသားများ တက်ရောက်ကြပါသည်။
ဦးစွာ ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် မိမိတို့ ဦးစီးဌာနအနေဖြင့် ဌာန၏မျှော်မှန်းချက်နှင့်အညီ လုပ်ငန်းတာဝန်များဆောင်ရွက်ရာတွင် ပြည်သူလူထု၏ လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အမှန်တကယ် အလုပ်အကိုင်/ဝင်ငွေရရှိစေမည့် အသက်မွေးဝမ်း ကျောင်းပညာ ကာလတိုသင်တန်းများ ဖွင့်လှစ်ဆောင်ရွက်ပေး လျက်ရှိပါကြောင်း၊ မိမိတို့ ဌာနမှ ယခု အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် မဲခေါင်-လန်ချန်း စီမံကိန်းသည် စိုက်ပျိုးရေး ကုန်ကြမ်း သီးနှံအခြေခံ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ ကုန်ထုတ်စွမ်းအား စွမ်းဆောင်ရည်နှင့် ယှဉ်ပြိုင်နိုင်မှု စွမ်းအားကို မြှင့်တင်ပေးရန်၊ ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးမှုကို မြှင့်တင်ပေးရန်စသည်တို့ကို ရည်ရွယ်၍ အကောင်အထည်ဖော်ဆောင်ရွက်ခြင်း ဖြစ်ပါ ကြောင်း၊ သင်တန်းသားတွေသည်လည်း သင်တန်းက သင်ကြားပေးမည့် ဘာသာရပ်များကို အသုံးချပြီး ကုန်ထုတ်လုပ်ငန်းများကို စနစ်တကျလုပ်ကိုင်နိုင်အောင် ကြိုးစားဆောင်ရွက် လိုအပ်မည် ဖြစ်ပါကြောင်း တိုက်တွန်းပြောကြားခဲ့ပါသည်။
ထို့နောက် သင်တန်းသားများ တစ်ဦးချင်းစီအလိုက် မိတ်ဆက်စကားပြောကြားပြီး သင်တန်းတက်ရောက်ရခြင်း၏ ရည်ရွယ်ချက်များကို အသီးသီး ရှင်းလင်းတင်ပြကြပြီး ညွှန်ကြားရေး မှူးချုပ်နှင့်အတူ အခမ်းအနားသို့ တက်ရောက်လာကြသူများမှ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူး ခဲ့ကြကြောင်း သတင်းရရှိပါသည်။
အဆိုပါ နည်းပညာပေးခြင်း သင်တန်းကို ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှ မတ်လ ၅ ရက်နေ့ အထိ (၇)ရက်ကြာ သင်တန်းသား (၁၅) ဦးအား အသေးစား စီးပွားရေးလုပ်ငန်းများထူထောင်နိုင်သည်အထိ ဈေးကွက်ဝင် ထုတ်ကုန်အမျိုးမျိုး ထုတ်လုပ်မှုနည်းပညာများကို စာတွေ့/ လက်တွေ့ သင်ကြားပို့ချ ပေးသွားမည့် အပြင် ထုတ်ပိုးမှုဆိုင်ရာနည်းပညာများနှင့် စားသောက်ကုန် ဘေးအန္တရာယ်ကင်းရှင်း ရေးဆိုင်ရာ ဘာသာရပ်များကိုပါ ထည့်သွင်း သင်ကြားပို့ချပေးသွားဖြစ်ပြီး အမှန်တကယ် အသေးစား ကုန်ထုတ်လုပ်ငန်း ထူထောင်လိုသူ (၅)ဦးကို စည်းမျဉ်းစည်းကမ်းများနှင့် စိစစ်ရွေးချယ်ပြီး လုပ်ငန်း လုပ်ကိုင်ရာတွင် အဓိကလိုအပ်သည့် လုပ်ငန်းသုံးပစ္စည်းများကို ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း သိရှိရ ပါသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်