ဘားအံ ဖေဖော်ဝါရီ ၂၆
ကရင်ပြည်နယ်အတွင်းရှိ မြို့နယ်များတွင် သမဝါယမကဏ္ဍမှ အသေးစားကုန်ထုတ်လုပ်ငန်း များ ပိုမိုတိုးမြှင့်ထုတ်လုပ်နိုင်ရေးအတွက် ဖေဖော်ဝါရီ ၂၄ ရက်နေ့က ကရင်ပြည်နယ်သမဝါယမဦးစီး ဌာနမှ ပြည်နယ်ဦးစီးမှူး ဒေါ်အေးပွင့်နှင့် တာဝန်ရှိသူများသည် ဘားအံမြို့နယ် အိန္ဒုကျေးရွာရှိ သစ်လွင်ယက္ကန်းကုန်ထုတ် သမဝါယမအသင်းသို့ သွားရောက်ပြီး သမဝါယမအသင်းသားများပိုင် ယက္ကန်းစင်များတွင် ကရင်ရိုးရာအဝတ်အထည်များ ယက်လုပ်နေမှု၊ ထွက်ရှိလာသော ချည်ထည် များ၊ ထုပ်ပိုးမှုများအား လှည့်လည်ကြည့်ရှုခဲ့ကြောင်းသိရသည်။
ထို့နောက် ပြည်နယ်ဦးစီးမှူးက အသင်းသားများ၊ အမှုဆောင်ဒါရိုက်တာများနှင့် တွေ့ဆုံ ကာ အသင်း၏ ရင်းနှီးမြှုပ်နှံမှုအခြေအနေ၊ ဈေးကွက်ရရှိမှုနှင့် အထည်လိပ်များ ထုတ်လုပ်နိုင်မှု အခြေအနေများအား ဆွေးနွေးမေးမြန်းခဲ့ပြီး အရည်အသွေးကောင်းမွန်သော ချည်ထည်များ ယက်လုပ်နိုင်ရေး၊ ဈေးကွက်သို့ ပိုမိုတင်ပို့ဖြန့်ဖြူးနိုင်ရေးနှင့် သမဝါယမ အသေးစားစက်မှုလက်မှု ကုန်ထုတ်လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးလာစေရေးအတွက် သမဝါယမအသင်းထုတ်ကုန်အဖြစ် အသင်း အချင်းချင်း ချိတ်ဆက်ဖြန့်ဖြူးနိုင်ရေး သမဝါယမအသင်းသားများ လူမှုစီပွားဘဝမြှင့်တင်နိုင်ရေး အတွက် လိုအပ်သောအရင်းအနှီးများ၊ ပံ့ပိုးနိုင်ရေးအတွက် ဆွေးနွေးပြောကြားခဲ့ကြောင်းသိရသည်။
ဘားအံသတင်းဌာနခွဲ
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်